Single ဖြစ်သွားတဲ့ အောင်လ

0
82

aung-laအဆိုတော် အောင်လက သူ့ရဲ့ ဇနီးဖြစ်တဲ့ မမိုးငယ်နဲ့ တရားဝင် ကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒီလို ကွာရှင်း လိုက်ကြခြင်း အကြောင်းကို အောင်လ က…

“ကွာရှင်းကြ ရတာကတော့ Long Distance Relationship  ကြောင့်ပါ။ အတူတူနေဖို့ က အဆင် မပြေဘူး။ သူကလည်း ပြည်ပ မှာ နေတယ်။ ကျွန်တော် ကလည်း ဒီကနေ လိုက်သွားဖို့ က အဆင်မပြေ ဘူး။ ကျွန်တော် တို့က ၂ဝ၁၄ ခုနှစ် မှာယူတယ်။ မနှစ်ကက တည်းက ဒီလိုလုပ်ဖို့ စီစဉ် ကြတာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ အလုပ် ကလည်း ဟိုမှာဆိုတော့ ဒီကိုပြန်လာ လို့ မရဘူး။ ကျွန်တော် က လည်း လိုက်သွား လို့မရဘူး။ လိုက်သွားမယ် ကြံတိုင်း အမြဲတွေ ဝေရတယ်။ ဒီက အလုပ်တွေကို ဘယ်လိုမှ ပစ်ခဲ့လို့မရဘူး။ ကိုယ် ဝါသနာ ပါတဲ့ အလုပ် ဆိုတော့လည်း မထားခဲ့ချင်ဘူး။ ကျွန်တော်လည်း မိသားစုဘဝ လေး လိုချင်ပြီ။ သူလည်း ပြန်လာလို့ မရဘူး ဆိုတော့ နှစ်ယောက် စလုံးက လမ်းခွဲ လိုက်ကြတာပါ” လို့ ပြောပါတယ်။

အောင်လက ကွာရှင်းပြီးစ ကာလမှာ ကောလာဟလ တချို့လည်း ထွက်ပေါ်ခဲ့တာကြောင့် ဒီအကြောင်းတွေ အပေါ်မှာလည်း “ကျန် တဲ့ ကောလာဟလ တွေကတော့ အလကားပါ။ ဒါတွေက တစ်ချိန် ကျရင် ပြီးသွားမှာပါ။ ခုလောလောဆယ်တော့ ကျွန်တော် Single ပါပဲ။ ကျွန်တော့် ရဲ့ ဂီတအလုပ်တွေ အပေါ်မှာ လည်း ကျွန်တော် အားလျှော့မှာ မဟုတ်ပါ ဘူး။ ကျွန်တော်ခု စီးရီးသစ် ထွက်ရှိဖို့ လုပ်နေ တယ်။ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်နေတယ်” လို့ အောင်လက ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here