အဒေါ် ဖြစ်သူအိန္ဒြာကျော်ဇင် နဲ့ အနုပညာအလုပ်တွေ တိုင်ပင်ဖြစ်နေတဲ့ မေတိုးခိုင်

0
354

 

ပရိသတ်တွေရဲ့ရင်ထဲကို အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပွားလေးဆိုပြီးတော့ ပရိသတ်တွေရဲ့ အချစ်တွေကို စုပုံသိမ်းပိုက်ထားနိုင်တဲ့ မေတိုးခိုင်က အခုလတ်တလော MTV တွေ ရိုက်ကူးနေပြီး အူဝဲနဲ့တူတယ်ဆိုပြီး ပရိသတ်တွေကပြောကြတဲ့အပေါ် …

”ညီမအနုပညာအလုပ်စ မလုပ်ခင်ကတည်းက အဒေါ်နဲ့တူတယ်ဆိုပြီး ပြောကြတယ်၊ အခုလိုမျိုး ကိုယ့် အဒေါ်နဲ့တူတယ်ဆိုပြီး ပြောကြတဲ့အတွက် ပျော်လည်းပျော်တယ် ဂုဏ်လည်းယူတယ်။ တီဝဲက ညီမ အနုပညာအလုပ်စလုပ်ကတည်းက ဘေးကနေ အကြံဥာဏ်လေးတွေပေးတယ်။ အခုထိလည်း တစ်ခုခု လုပ်မယ် ဘာညာဆိုရင် မေမေနဲ့အတူတူ တီဝဲကို အမြဲတမ်းတိုင်ပင်ဖြစ်တယ်”လို့ မေတိုးခိုင်ကပြောပါတယ်။

အူဝဲရဲ့ သားနဲ့သမီးရဲ့ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေကိုလည်း မေတိုးခိုင်က ပြောပြခဲ့ ပါသေးတယ်။

“မာင်လေးတွေ၊ ညီမလေးတွေက နေ့တိုင်းသူတို့တွေနဲ့ အတူတူ တွေ့တယ်။ သူတို့ခရီးသွားပြီဆိုရင် အိမ်မှာတစ်ယောက်တည်း ပျင်းပြီး ကျန်နေခဲ့တယ်၊ အခုလည်း သူတို့ ခရီးသွား ဖို့ရှိတယ်။ မောင်လေးက အရမ်းစကားများပြီး အရမ်းသွက်တယ်။ လူချစ်အောင် အရမ်း နေတတ်တယ်။ Social အရမ်း ကောင်းတယ်ပေါ့နော်၊၊ ညီမလေးက အမြဲတမ်း သူ့ရဲ့ကမ္ဘာလေးထဲမှာ သူနေသလို အမြဲတမ်းပုံ လေးတွေဆွဲတယ်၊၊ ရုပ်ရှင် ကြည့်တယ်။ စကားနည်းတယ်။ ဒါပေမဲ့ အစ်မတွေနဲ့ ကျရင်တော့ အမြဲတမ်းစကားပြောဖြစ်တယ်။ ကျန်တဲ့ သူတွေနဲ့ကျရင် သူက အေးတယ်လို့ ထင်ရတယ်”လို့ ပြောပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း မေတိုးခိုင်က ”ကျောင်းနားထားတာ၂ဝ၁၆ ခုနှစ်ကတည်းက အခုဆို နှစ်နှစ်လောက်ရှိပြီ။ အဲဒီတုန်းကတော့ ညီမ ကျန်းမာရေး မ ကောင်းလို့ ပြန်လာတာ အဲဒီကတည်းက အနုပညာအလုပ်စလုပ်ဖြစ်တာ။ နောက်နှစ် လောက်တော့ ညီမကျောင်းပြန်တက်ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ MTV တွေထွက်ဖို့ရှိပြီး ရုပ်ရှင် ဇာတ်ကားကြီးလည်း ထွက်ဖို့ရှိတယ်ဆိုတဲ့ အကြောင်း မေတိုးခိုင်က ပရိသတ်တွေဆီ သတင်းစကားပါးလိုက်ပါသေးတယ်။ ဒီနှစ်ထဲမှာပဲ ညီမသရုပ်ဆောင်ထားတဲ့ ‘ရူးအောင် ချစ်မယ့်သူ’ဆိုတဲ့ ရုပ်ရှင်ကားကြီးလည်း ထွက်ဖို့ရှိပါတယ်။ အကုန်လုံးကို အားပေးကြပါ။ ညီမရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာလမ်းခရီးကိုလည်း အားပေးကြပါဦး” လို့ ပြောကြားခဲ့ ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here