ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းမှုတွေရှိပေမယ့် အဆင်သင့်မဖြစ်သေးပါဘူး မော်ဒယ် အိနုဝေ

0
202

အလှမယ်တစ်ဦးအဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အိနုဝေ ကတော့ လက်ရှိမှာ သူမ ဝါသနာပါတဲ့ Modelling ပိုင်းကို ဆက်တိုက်လုပ်ကိုင်နေပြီ ဖြစ်ပါ တယ်။ လတ်တလောမှာတော့ စီးပွားရေးကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီးMusic MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ဦး ဖြစ်တဲ့ သူမကို သရုပ်ဆောင်ပိုင်းတွေ လုပ်ကိုင်သွားဖို့ရှိလားလို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

”အခုလောလောဆယ်တော့ အိနု မော်ဒယ်လ်ပိုင်းကိုပဲ ကြိုးစားပြီး လုပ်ကိုင်နေ ပါတယ်။ သရုပ်ဆောင်ပိုင်းကတော့ အခု MTV တွေမှာ ပါဝင်သရုပ်ဆောင် တာတွေတော့ ရှိတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်ပိုင်းကို ဆက်လုပ်ဖြစ်ရင်လည်း လုပ်သွားမှာပါ။ သေချာတော့ပြောလို့ မရသေးပါဘူး။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းတာတွေရှိပါတယ်။ ဒါပေမဲ့ အိနုက ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်တွေ ရှိနေသေး တယ်လို့ထင်တယ်။ အဲဒါကြောင့် မရိုက်ဖြစ်သေးတာပါ။ နောက်ပိုင်းတော့ လုပ်ဖြစ်ရင် လုပ်ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။ လူငယ်ဆန်ဆန် ခေတ်မီဆန်းသစ်တဲ့ Fashion တစ်ခုနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ သူမကို Fashion ပိုင်းနဲ့ပတ်သက်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ပါတယ်။

” Fashion ပိုင်းနဲ့ပတ်သက်ရင် အိနုက ကိုယ်သွားမယ့်နေရာ၊ ကိုယ် သွားမယ့်ပွဲက ဘယ်လိုပွဲမျိုးလဲပေါ့။ ဘယ်လိုပုံစံဝတ်သွားရမယ်ဆိုတာ မျိုး သေချာပြင်ဆင်ပြီးတော့ ဝတ်ဆင်ဖြစ်ပါတယ်။ Fashion ပိုင်း ကို Internet ကနေ လေ့လာတာတွေရှိတယ်။ ပြီးတော့ Facebook မှာ Fashion Blogger တွေတင်တာကို လေ့လာဖြစ်ပါတယ်။ ကိုယ့်ကိုယ် ကိုယ်တော့ စမတ်ကျကျ အဝတ်အစားတွေနဲ့ လိုက်တယ်လို့ထင် တယ်။ ကိုယ်တိုင်လည်း ကြိုက်တယ်။ ဒါပေမဲ့တစ်ခါတလေဆိုရင် လူငယ်ဆန်ဆန် ခေတ်ပေါ် Style တွေဝတ်ရတာလည်း ကြိုက် ပါတယ်။ ခေတ်ပေါ် Style လူငယ်ဆန်ဆန်တွေ ဝတ်လိုက် ရင်တော့ ပေါ့ပေါ့ပါးပါးရှိတယ်။ သွားရလာရတာလည်း လွတ်လွတ်လပ်လပ်ရှိတာပေါ့။ မြန်မာဝတ်စုံကတော့ ကိုယ့်ရိုးရာဝတ်စုံလည်း ဖြစ်တယ်။ ဝတ်လိုက်ရင်လည်း ကျက်သရေရှိတယ်။ မြန်မာဝတ်စုံ ဝတ်ရတာကိုလည်း ကြိုက်ပါတယ်။ မြန်မာဝတ်စုံဝတ်ရတာ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှု ပိုရှိပါတယ်။ Fashion ကတော့ လူတစ်ယောက်အတွက် အရေးပါပါတယ်။ မော်ဒယ်လ်၊ မင်းသမီးမှ မဟုတ်ပါဘူး။ အပြင်မှာ လှုပ်ရှား သွားလာနေကြတဲ့ လူတွေအားလုံးက ကိုယ်နဲ့ လိုက်ဖက်တဲ့ Fashion ကိုသာ ဝတ်ဆင်မယ်ဆိုရင် ပိုပြီးတော့ စမတ် ကျတာပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး ယုံကြည်မှုရှိ မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် Fashion က လူတိုင်းအတွက် အရေးပါပါတယ်” လို့ မော်ဒယ်လ် အိနုဝေက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here