ကမ်းလှမ်းတဲ့ဇာတ်လမ်းတချို့ ငြင်းပယ်လိုက်သူ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်

0
261

‘ည’ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အသိအမှတ်ပြုခံခဲ့ရတဲ့ သရုပ်ဆောင်ချမ်းမင်းရဲထွဋ်ကတော့ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ‘သမ္မတကြီးထံ ပေးစာ’ရုပ်ရှင်ဇာတ်ကားမှာလည်း အလင်းရောင်၊ ဖွေးဖွေးစတဲ့ သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ် ဆောင်မှုနဲ့ပတ်သက်ပြီး မေးမြန်းတော့ . . .

”ည ရုပ်ရှင်ဇာတ်ကားပြီးတော့ ကျွန်တော်သမ္မတကြီးထံပေးစာရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ကာရိုက်တာကတော့ ဝန်ကြီးချုပ်ရဲ့သားနေရာကနေ ရက်ရက်စက်စက် သွေးအေးအေး၊ ခပ်တည်တည်ပုံစံမျိုးနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီကာရိုက်တာကတော့ သွေးအေးအေးနဲ့ လုပ်ရတာတွေများတော့ ရှေ့ဇာတ်ကားက ဇာတ်ရုပ်နဲ့ ခပ်ဆင်ဆင်လေးပေါ့။ အမာဇာတ်ရုပ်က ကျွန်တော်လုပ်နိုင်တဲ့ ဇာတ် ရုပ်ဖြစ်တဲ့အတွက် အဆင်ပြေပြေပဲ ပါဝင်သရုပ်ဆောင်ရိုက်ကူးပြီးစီးခဲ့ပါတယ်”လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။

လာရောက်ကမ်းလှမ်းတဲ့ ဇာတ်ကားတချို့ကို ငြင်းပယ်လိုက်တာမျိုးလည်းရှိခဲ့ ပါတယ်လို့ ပြောလာတဲ့ ချမ်းမင်းရဲထွဋ်က…

”နောက်ထပ်လည်းနှစ်ကားသုံးကား လောက် လာကမ်းလှမ်းတာရှိပါတယ်။ ဒါပေမဲ့ သုံးကားစလုံးကို ကျွန်တော်နေရာ မကြိုက်တာရယ်၊ ပြီးတော့ ဇာတ်လမ်းလုပ်ကွက် မကြိုက်တာရယ်ကြောင့် လက်မခံဖြစ် ခဲ့တာပါ။ ဒီလထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ကူးဖို့ စီစဉ်ထားပါတယ်”လို့ ပြော ပါတယ်။

ဆက်လက်ပြီး သရုပ်ဆောင်အသစ်တစ်ယောက်အနေနဲ့ အခက်အခဲတွေ ကြုံတွေ့ရတာရှိလားလို့မေးကြည့်တော့…

”အသစ်တွေအတွက်ကတော့ ဒီဘက်ခေတ်မှာ အခွင့်အရေး တွေ အများကြီးရှိလာပြီ။ ကိုယ်က တကယ်ကြိုးစားဖို့ပဲလိုပါတယ်။ အရင်ကထက်စာရင်တော့ကြိုးစား ဖို့အခွင့်အရေးတွေအများကြီးရလာပါပြီ။ ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်”လို့ ချမ်းမင်းရဲ ထွဋ်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here