ကမ္ဘာမြေကြီးကို အမွေပေးဖို့ သစ်ပင်စိုက်ပျိုးကြတဲ့အနုပညာရှင်များ

0
228

”ကမ္ဘာမြေကြီးကိုအမွေပေးဖို့ သစ်ပင်စိုက်ကြစို့”ဆိုတဲ့ခေါင်းစဉ်နဲ့ သစ်ပင်စိုက်ပွဲတော်ကိုဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက မင်္ဂလာဒုံ မြို့နယ်၊ပုလဲမြို့သစ်၊ရေနံ့သာစံပြကျေးရွာ၊ အနုပ ညာဆည်းဆာရိပ်မှာ ပြုလုပ်ခဲ့ပါ တယ်။သစ်ပင်စိုက် ပွဲတော်မှာတော့ နယ်ပယ်အသီးသီး မှအနုပညာရှင်များ၊ ပုဂ္ဂိုလ် များတို့ ကသစ်ပင်များစိုက်ပျိုးခဲ့ကြ ပါတယ်။

”ကျွန်တော်တို့အနေနဲ့ ပထမ ဆုံး ခြေလှမ်းအနေနဲ့ အပင်တစ်ရာ စပြီးစိုက်ကြတယ်။ အပင်တစ်ထောင် စိုက် ကြမယ်လို့ ဆရာတော့်ကိုလည်း လျှောက်ထားပါတယ်။ ၆လတစ်ကြိမ် ပေါ့လေ” လို့ သစ်ပင်စိုက်ပွဲတော်စီစဉ်သူများထဲမှ တစ်ဦးဖြစ်တဲ့ လျှပ်တစ်ပြက် ဂျာနယ်အယ်ဒီ တာချုပ် ဦးမြတ်ခိုင်ကပြောပါတယ်။

အဆိုပါနေ့ သစ်ပင်စိုက်ပွဲကတော့ စည်ကားသိုက်မြိုက်စွာနဲ့ သိပ်ကို ပျော်ရွှင်ကြည်နူးစရာကောင်းခဲ့ပါ တယ်။ အနုပညာတွေကလည်း ကိုယ့်နာမည်ကိုယ်ရေးထိုးထား တဲ့နေရာတွေမှာ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြပါတယ်။

”သစ်ပင်စိုက်ရတာ တအား ကို အေးချမ်းတယ်။ ပြီးတော့အများအ ကျိုးအတွက်လည်း ဖြစ်တယ်။ အဲဒီ ခံစားမှုကတော့ ဘာပီတိနဲ့မှမလဲ နိုင်ပါဘူး” လို့ ကိုယ်တိုင်ပါဝင်စိုက် ပျိုးခဲ့တဲ့ ဦးမိုးဝင်းကပြောပါတယ်။

ဆက်လက်ပြီး ဦးမေတ္တာက လည်း

”တစ်နှစ်တစ်ခါ အသက်ကြီး လာရင်အပင်တွေကပါကြီးလာတယ်။ သစ်ပင်သက်တမ်းက ဦးမေတ္တာတို့ လူတွေသက်တမ်းထက် ပိုပြီးတော့ ကြီးတယ်။ အဲဒီတော့ သစ်ပင်စိုက် ခြင်းအလုပ်ဟာ အသက်ရှည်ခြင်းကို ကူညီမှုပြုတယ်” လို့ သစ်ပင်စိုက် ခြင်းရဲ့ အကျိုးကျေးဇူးကို ပြောပြပါ တယ်။

သစ်ပင်စိုက်ပွဲမှာတော့ အနု ပညာရှင် မျိုးဆက်သစ် လူငယ်တွေ ဖြစ်တဲ့ ထွန်းဝီရ၊နေမိုးဝင်း၊ပန်းနုပျို မေတို့ကလည်း ပါဝင်စိုက်ပျိုးခဲ့ကြပါ တယ်။

”ပျော်ဖို့ကောင်းတယ်။ ဒီလိုမျိုးတစ်ခါမှလည်းမလုပ်ဖူးဘူး။ ပြီးတော့ဒီနေ့က နေ့ထူးနေ့မြတ်လည်း ဖြစ် တယ်လေ။ သစ်ပင်စိုက်တာက တစ်ဖက်တစ်လမ်းကနေ ကမ္ဘာကြီးကို အထောက်အပံ့ပေးတာပဲ ” လို့ နေမိုးဝင်းကပြောပါတယ်။

အဆိုပါသစ်ပင်စိုက်ခြင်းကို တော့ ၆ လတစ်ကြိမ်ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here