နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပခုက္ကူ ရွှေချောင်း ချောင်းကမ်းပါးဘေး သစ်ပင်စိုက်ပွဲတော် ကျင်းပ

0
236

၂ဝ၁၈ ခုနှစ် ဇွန်လ ၁၆ ရက် နေ့တွင် ပခုက္ကူမြို့မှ လွှတ်တော်ကိုယ် စားလှယ်ကြီးများ ခရိုင်အဆင့်မြို့နယ် အဆင့်အကြီးအကဲများ ပြည်သူလူထု အင်အား ၁ဝဝဝ နီးပါးက ၂ လမ်း၊ အမှတ် (၃) ရပ်ကွက် ရွှေချောင်း ချောင်းကမ်းပါးဘေးတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ ၇၃ နှစ်မြောက် မွေး နေ့အကြို သစ်ပင်စိုက်ပွဲတော်အား နံနက် ၇ နာရီအချိန်၌ စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို ရယ် အမျိုးသားလွှတ်တော်ကိုယ် စား လှယ် ဦးမြမင်းဆွေရယ် ပါဝင်ကြပါ တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကြီး ဦး ကျော် အံ့မောင် မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမြင့်ဆောင်အပြင် ခရိုင်ရဲမင်း ကြီးဦးကျော်စိုးတို့လည်း သစ်ပင်စိုက် ပျိုးကြပါတယ်” ဟု တာဝန်ရှိသူ တစ် ဦးက ပြောသည်။

သစ်ပင်များစိုက်ပျိုး ရာတွင် ခရိုင်သစ်တောဦးစီးဌာန မြို့ နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများက ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ခရိုင်သစ်တောမှ ဦးတင် မောင်ဆွေ မြို့နယ်သစ်တောမှ ဦးမျိုး ခိုင်နှင့် သစ်တောဝန်ထမ်းများက လည်းသစ်ပင်များ လှူဒါန်းခြင်းနှင့် ရေလောင်းခြင်းများလည်း ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။ သစ်ပင်စိုက်ပွဲ တော်ကျင်းပသည့် နေရာသည် ရွှေ ချောင်းချောင်းရေ ဦးတိုက်သည့် နေ ရာဖြစ်၍ ရေကာတာသဖွယ် စိုက်ပျိုး ခဲ့ကြောင်း သိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here