စည်သူမောင် ရဲ့ နှလုံးသားပေါ်က နွေးထွေးတဲ့ လက်တစ်စုံက ဘယ်သူလဲ

0
382

ဇွန်လ ၄ ရ က်နေ့ လူမှုကွန် ရက် စာမျက်နှာမှာစည်သူမောင်ရဲ့ လက်ကလေး နှစ်ဖက်ကိုရင်ဘတ်နဲ့ အနီးဆုံးနေရာဖြစ်တဲ့ နှလုံးသားပေါ် တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အကြားစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါ တယ်။ စည်သူမောင်နဲ့ တွေ့ဆုံခိုက်ဒီအကြောင်းနဲ့ပတ် သက်ပြီးမေးမြန်းဖြစ်တဲ့အခါမှာ…

”အဲဒီပို့စ်ကလေးကပရိသတ် တွေကြားမှာ ဒီလောက်အထိပြော ဖြစ်မယ်လို့မထင်ခဲ့ဘူး။ အဲဒီပို့စ် လေးက အပျော်အနေနဲ့တင်လိုက် တာပါ။ပြောရမယ်ဆိုရင်အဲဒီအချိန်မှာဖြစ်နေတဲ့ feeling လေး တစ်ခုပေါ့။ တင်လိုက် တဲ့အချိန်မှာ Facebook ကပရိသတ်တွေရော၊ သူငယ်ချင်းတွေရော Congratulation ဝိုင်းလုပ် ကြတယ်။ တချို့ကျတော့လည်း ဘယ်ဆိုင်မှာသွား စားပြီး လက်ငှားပြီး ရိုက်ထားတာလဲဆိုပြီးစကြတဲ့သူတွေရှိတယ်၊၊ တချို့ကျတော့ လည်းRelationship ရသွားပြီလား၊ စိတ်မကောင်းဘူးဆိုပြီး ပြောကြတာတွေ လည်းရှိတယ်။ကျွန်တော်တင်လိုက်တဲ့လက်ပိုင်ရှင်ကအပြင်ကလားဒါမှမဟုတ် ကျွန်တော်နဲ့အတွဲများတဲ့ အနုပညာရှင်လားဆိုပြီး မေးကြ တယ်။ကျွန်တော့်ကိုFA ဘ၀အနေနဲ့ မမြင်ချင်တဲ့ ပရိသတ်တွေလည်းရှိ တယ်။ Relationshipအနေနဲ့မြင်ချင် တဲ့ပရိသတ်တွေလည်းရှိတယ်။သူတို့ ပြောတာတွေကိုလည်း ကျွန်တော် အသိအမှတ်ပြုတယ်။အဓိကကတော့ အပျော်တင်လိုက်တာပါ။ဘာ Serious မှလည်းမရှိပါဘူး။အခုလိုမျိုး ပရိသတ် တွေက အားပေးကြတဲ့ အတွက်လည်း ဝမ်းလည်းဝမ်းသာတယ်၊ ကျေးဇူးလည်း တင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အခုလက်ပိုင်ရှင်ကိုကော ဘယ်အချိန် လောက်ပရိသတ်တွေကိုချပြမလဲဆိုတဲ့ မေးခွန်းကိုတော့…

”အခုအချိန်မှာတော့ ကျွန်တော်ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် အတွေ့အကြုံ တွေ အရဘာမှမသေချာဘူး။ ဘာမှမသေချာတဲ့အနေအထားတစ်ခုမှာ ကျွန်တော့်အနေနဲ့ ကိုယ်ကိုယ်တိုင်လည်း မသေချာတဲ့ Relationship တစ်ခုမှာ ပရိသတ်တွေကို လိုက်အသိ ပေးပြီးတော့ ပရိသတ်ကြီးက ပျော်တာပဲဖြစ်ဖြစ်၊ နာကျင်တာပဲဖြစ်ဖြစ် ပရိသတ်ကြီးက မောနေမှာစိုးလို့ ကျွန်တော်ကိုယ်တိုင်လည်း သေချာတဲ့အချိန်တစ်ခုခု ပျော်ရွှင်စရာ ကောင်းတဲ့အချိန်တစ် ခုခုရောက်သွားရင်တော့ ပရိသတ် ကြီး ကိုလေးလေးစားစားနဲ့ အသိပေးသွားမှာပါ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကအနုပညာရှင်တစ် ယောက်၊Entertainer တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့အတွက် ဖျော်ဖြေ တင်ဆက်မှုပေးမယ်ဆိုရင်တော့ ပရိသတ်ကြီးကို ပျော်ရွှင်စရာ ကြည်နူးစရာတွေပဲ မျှဝေ ပေးချင်တယ်။ ကျွန်တော်က အချစ်နဲ့ပတ်သက်လို့တော်တော်လေး နာကျင်ခဲ့ရတာ ဆိုတော့တစ်ခုခု မှားယွင်းသွားတယ်ဆိုမလား၊ ဆုံးရှုံးသွားတယ်ဆိုမလား အဲဒီလိုဖြစ် ခဲ့တော့ အချိန်ယူပြီးတော့ ပြင်ဆင်ဦးမှာပါ။ အဲဒီအတွက် ကျွန်တော့်ဘက်က သေသေ ချာချာ အချိန်ယူပြင်ဆင်လေ့လာပြီးရင်တော့ ပရိသတ်ကြီးကို မျှဝေပေးသွားမှာ” လို့ ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here