လက်ရှိ ရုံတင်စနစ်က ထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုပါလို့ ဆိုတဲ့ 7 Sense Film Production ရဲ့ CEO ကိုဝေမင်းမောင်

0
231

မကြာမီ ရုံတင်ပြသတော့မယ့် ‘ဝိညာဉ်စိမ်း’၊ တိမ်တိုက်တံတား စတဲ့ ရုပ်ရှင်နှစ်ကားကိုတော့ 7 Sense Film Production မှ ထုတ်လုပ် ရိုက်ကူးထားပြီး 7 Sense Film Production အနေနဲ့ လက်ရှိမှာ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကို ရဲ တိုက်၊ ရွှေထူး၊ ဒေါင်း၊ ဝတ်မှုံရွှေရည် စတဲ့သရုပ်ဆောင်များနဲ့အတူ ဒါရိုက် တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော် နေပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့အခါ တွေ့ကြုံရတဲ့ အခက် အခဲတချို့ကိုလည်း 7 Sense Film Production ရဲ့ CEO ဖြစ်သူ ကိုဝေမင်းမောင်က အခုလို ပြောပြခဲ့ ပါတယ်။

”ရုပ်ရှင်ဇာတ်ကားတွေ ရုံတင် ဖို့ တွေ့ကြုံရတဲ့ အခက်အခဲကတော့ အရမ်းခက်ခဲပါတယ်။ ဇာတ်ကား ရိုက်တဲ့အခါ ကျွန်တော်တို့ ကြိုးစား ပြီးလုပ်ရင် လုပ်သလောက်အနုပညာ က ထွက်တယ်။ ကြိုးစားရင် ကြိုး စားသလောက် ကောင်းတယ်ဆိုပေ မယ့်လည်း တကယ်ရုံတင်တဲ့အခါ အခက်အခဲတွေက ရှိလာပြန်ရော။ ဥပမာ ဒီနှစ်လုပ်ထားတဲ့ အရာတစ် ခုကို နောက်နှစ်နှစ် သုံးနှစ် လောက်မှ ပြရမယ်ဆိုတော့ ကိုယ့် အနုပညာက မလတ်ဆတ်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့က အမြန်ပြချင်တယ်။ အမြန်ပြချင်တယ်ဆိုပေမယ့် ကိုယ်လို သူလိုပဲ ထုတ်လုပ်သူတွေက အများ ကြီး ရိုက်ထားတာဖြစ်တဲ့အတွက် ရုံတင်ဖို့စနစ်ကလည်း အရမ်းကိုခက် တယ်။ ရုံပိုင်ရှင်တွေကလည်း ရွေး ချယ်စရာတွေ အရမ်းများတယ်။ အခု ဆိုရင်တော့ ရုပ်ရှင်ရုံ အုပ်စုနှစ်ခုခွဲပြီး ပြသနေကြတယ်။ အဲဒီလို ပြသကြတဲ့ အချိန်မှာ ရုံအရေအတွက် နည်းသွား တဲ့အတွက် ထုတ်လုပ်သူတွေအနေနဲ့ ဝင်ငွေ နည်းသွားတာပေါ့။ လက်ရှိမှာ အဲဒီလို ရုံတင်စနစ်ကလည်း ကျွန် တော် တို့လို ထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုလို ဖြစ်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဆင်ဆာနဲ့ပတ်သက်ပြီး ခေတ် ကာလအနေအထားအရ ညှိနှိုင်းလို့ မရတာတွေရှိနေပါတယ်လို့ ပြောလာ တဲ့ ကိုဝေမင်းမောင်က …

”ဆင်ဆာကတော့ ဟိုးအရင် ကတည်းက သူ့ဦးတည်ချက်နဲ့ ရပ် တည်ချက်တွေရှိပါတယ်။ အရင်နဲ့ လည်း အရမ်းကြီး ကွာသွားတာမျိုး တော့မရှိပါဘူး။ ဆင်ဆာထားတာ ကလည်း ကောင်းတဲ့အချက်ရှိသလို ခေတ်ကာလအနေအထားအရ တချို့ ညှိနှိုင်းလို့မရတဲ့ အကြောင်းအရာတွေ လည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆင် ဆာထားတာကတော့ ကောင်းတာ တွေ ရှိပါတယ်” လို့လည်း ပြောပြခဲ့ပါ တယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here