မိဘတွေကို လုပ်ကျွေးနေတာပါဆိုတဲ့ မင်းရွှေရောင်တင်(ခ)ပူတူး

0
124

ရွှေမန်းသဘင်ရဲ့ အငယ်ဆုံးမျိုးဆက်တစ်ယောက်ဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်း ရဲ့သား မင်းရွှေရောင်တင်ကို ပရိသတ်တွေသိရှိပြီးဖြစ်မှာပါ။ သူ့ကို ပူတူးလို့လည်းခေါ်ပြီး သူဟာ အနုပညာနဲ့ပတ်သက်လို့ အထူးပြောစရာမလိုလောက်အောင် ပါရမီ ပါလွန်းသူပါ။ သူ့ရဲ့ပါရမီကိုတော့ မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့တဲ့ မိုးရာသီအထူးဖျော်ဖြေပွဲမှာ ပရိသတ် တွေ စတင်တွေ့မြင်ခဲ့ကြရတာပါ။ ဒီလိုနဲ့ သူ့ရဲ့ အနုပညာနဲ့ ပတ်သက်လို့ ပရိသတ် တွေက သြချခဲ့ရပြီး ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ရပါတယ်။

သူဟာ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ မျိုးဆက်ဖြစ်သူပီပီ အနုပညာအရည်အသွေးက တောက်ပြောင် လွန်းခဲ့ပါတယ်။ ဖခင်ဖြစ်သူ တင်မောင်ဆန်းမင်းဝင်းကလည်း သားဖြစ်သူရဲ့ အနုပညာပါရမီအပေါ် အံ့သြခဲ့ရပြီး သူ့ရဲ့သဘင် အမွေကိုဆက်ခံမယ့် သားဖြစ်သူအတွက် ပီတိဖြစ်ခဲ့ရပါတယ်။ မင်းရွှေရောင်တင်ဟာ အကနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ကပြနေခြင်းကို ကြည့်ရှုရင်းကနေ တတ်မြောက်နေခဲ့တာ ဖြစ်ပြီး ဇာတ်စင်အပေါ်မှာလည်း ချစ်စဖွယ်ကောင်းအောင် ကပြနိုင်ခဲ့ပါတယ်။ သူဟာ မိခင်ဖြစ်သူ မအေးမမလှိုင်ရဲ့ ဇာတိမြေဖြစ်တဲ့ တောင်ငူမှာ နေထိုင် ရင်းကနေ ဇွန်လ ၂၃ ရက်နေ့မှာတော့ ရန်ကုန်ကို ခဏအလည်ပြန်ရောက် ရှိခဲ့ပါတယ်။

”သားသားက ဖေဖေနဲ့ မေမေနဲ့ကို လုပ်ကျွေးနေတာပါ။ သားသား က နှစ်ပါးသွားလည်း ကတတ်ပါတယ်။ မင်းသားလည်း ဖြစ်ချင်ပါတယ်။ အခု သားသားက ကျောင်းတက်နေတာပါ။ မိုးရာသီပွဲကိုလည်း ပရိသတ် တွေ သားကို လာအားပေးကြပါဦး။ သားလည်း ကမှာပါ။ ပရိသတ်တွေကို လည်း ချစ်ပါတယ်” လို့ မင်းရွှေရောင်တင်က သူ့ရဲ့ ပရိသတ်တွေအတွက် စကားတွေ ပြောခဲ့ပါသေးတယ်။ မင်းရွှေရောင်တင်က ဇူလိုင်၂၁ ရက်နေ့ မျှော်စင်ကျွန်းမှာ ကပြမယ့် မိုးရာသီ အထူးဖျော်ဖြေပွဲမှာ ကပြသွားမှာ ဖြစ်ပါတယ်။ မင်းရွှေရောင်တင်က သူ့ရဲ့မွေးနေ့တိုင်းမှာ ကိုရင်ဝတ်လေ့ ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here