လူငယ်တွေကြားက ရင်ခုန်ခံစား အနုပညာများ

0
172

ဒီတစ်ပတ်တော့ ပေါ်ပြူလာရဲ့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့သီချင်းတွေနဲ့ Movie တွေက ဘာတွေဖြစ် နေမလဲဆိုတာကို မေးမြန်းပြီး ‘လူငယ်တွေကြားက ရင်ခုန်ခံစား အနုပညာများ’ ဆိုပြီးစုစည်းဖော်ပြပေးလိုက်ပါတယ်။

မချိုမေ

အခုတလော ကိုယ်စောင့်နတ် သီချင်းကို Repeat လုပ်နားထောင် ဖြစ်နေတာ။ ကိုဖိုးပြည့်အသံကိုလည်း ကြိုက်တယ်။ စာသားတွေကောင်းလို့ လေ။ ‘နင်ဟာငါ့တစ်ယောက်တည်းအတွက်ငါ့ရဲ့ကိုယ်စောင့်နတ်လို’ ဆို တဲ့စာသားလေးကို ဘယ်လိုသဘော ကျမှန်းမသိတာ။ Movie တွေက မြန်မာဇာတ်ကားတွေကြည့်နေတာ။ဘာရယ်တော့မဟုတ်ဘူး။ စိတ်က ကြည့်ရှုချင်နေလို့ပါ။ ကမ္ဘာ့ဖလားပွဲ လည်းရှိနေတော့ ဘောလုံးပွဲတွေ လည်းကြည့်ရှုဖြစ်နေပါတယ်။

မောင်ဂျစ်တူး

သီချင်းကနီနီခင်ဇော်ရဲ့အခွေသစ်ကိုနားထောင်ဖြစ်ပါတယ်။အသံပါဝါလည်းအားကောင်းတော့ခံစားရတာအဆင်ပြေတယ် International Music မှာဆိုရင် Daddy yankee ရဲ့ Dura ကို ကြိုက်တယ်။ ဇာတ်ကားထဲမှာ Dura Dura ဆိုတဲ့ အသံက လူငယ်မို့လားမသိဘူး အ တော်ကြိုက်တယ်။ Movies တွေက ဒီလထဲမှာ အိန္ဒိယဇာတ်ကားတွေ ကြည့်ရှုဖြစ်နေတယ်။Drama ဇာတ် အိမ်တွေကိုကြိုက်လို့ပါ။မြန်မာဟာသ ဇာတ်ကားတွေဆိုရင်လည်း ကြည့်ဖြစ် ပါတယ်။ မင်းသားမင်းသမီးအစွဲ အ လမ်းတော့သိပ်မရှိပါဘူး။ ကြိုက်ရင် နား ထောင်ဖြစ်ပါတယ်။

မမြတ်နိုးဦး

အခုတလော အဆွေးသီချင်း တွေ ကြိုက်ပါတယ်။ နားထောင်နေ ဖြစ်တာကလည်း pop ချိုချိုလေးတွေ ပဲကြိုက်ပါတယ်။ အခုနောက်ပိုင်း သီချင်းအသစ်တွေကလည်း သိပ်မ ထွက်တော့ အရင်အဟောင်းတွေပဲ နားထောင်မိပါတယ်။အမွန်းသီချင်း တွေလည်းကြိုက်ပါတယ်။ Movies တွေက World Drama က ဇာတ် လမ်းတွေကြည့်ရှုဖြစ်ပါတယ်။ မြန်မာ ဇာတ်ကားတွေတော့ လုံးဝမကြည့် ရှုဖြစ်တာ သုံးနှစ်လောက်ရှိနေပါပြီ။မကြိုက်လို့ပါ။

မဂျူးဂျူးသာ

သီချင်းက ဝိုင်းစုသီချင်းတွေနား ထောင်ဖြစ်ပါတယ်။ သူ့အသံချိုချို လေး တွေနဲ့လည်းလိုက်တော့ အခုလို မိုးရာသီမှာ သူ့သီချင်းလေးတွေနဲ့ ကော်ဖီသောက်ရတဲ့အရသာကို သိပ်ကြိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ကား တွေက ရာဇဝင်ဇာတ်ကားတွေပြန်ကြည့် ဖြစ်ပါတယ်။ ထိုင်းကရိုက်ကူးတဲ့ သ မိုင်းဇာတ်ကားတွေလည်းကြည့်ရှုဖြစ် တယ်။ အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကား ရယ်လို့မရှိပေမယ့် Action ဇာတ်ကား တွေတော့အကုန်ကြိုက်ပါတယ်။ သူငယ် ချင်းတွေနဲ့စုံဖြစ်ရင်တော့ ဟာသဇာတ် ကားတွေကြည့်ရှုပြီး ခွီတတ်ပါတယ်။

မဆုမြတ်မွန်

PSY သီချင်းတွေပဲနားထောင် ဖြစ်တယ်။MTV နဲ့နားထောင်ရင် သ ဘောကျလို့။ ရုပ်ရှင်ဇာတ်ကားတွေက ရုံတွေမှာသွားမကြည့်ဖြစ်တာတော့ ကြာပြီ။ Youtube ကနေတော့ကြည့် ရှုဖြစ်ပါတယ်။ဇာတ်အိမ်ခိုင်တဲ့ဇာတ် ကားတွေကြိုက်တယ်။ မြန်မာဇာတ် ကားတွေကျတော့ တစ်ခန်းလောက် ကြည့်ရှုရင် ဇာတ်သိမ်းသိနေတာမျိုးဆို တော့သိပ်မကြည့်ဖြစ်တော့ဘူး။မြန်မာ အဆိုတော်တွေထဲမှာ ကိုငွေစိုးအသံကို ကြိုက်တယ်။ Idol မှာသူပြိုင်သွားတဲ့ ရာဇဝင်များရဲ့သတို့သမီးသီချင်းဆိုကြိုက် လို့ ခဏခဏပြန်ပြီးကြည့်ဖြစ်တယ်။

မကျော့ကေကို

DaddyYankee ရဲ့Shaky Shaky သီချင်းကိုကြိုက်တယ်။နား ထောင်ဖြစ်ပါတယ်။MTV အလွန် ကောင်းတယ်။Movies ဆိုရင်လည်း International Movies တွေ ကြိုက် တယ်။ ဇာတ်လမ်းကကြမ်းကြမ်း တမ်းတမ်းတွေတော့ မကြိုက်ပေမယ့် ဇာတ်မြူးလေးတွေတော့ကြိုက်လို့ ကြည့်ရှုဖြစ်ပါတယ်။ အသစ်တွေတော့ မကြည့်ဖြစ်သေးဘူး။ အရင်အဟောင်း လေးတွေပြန်ကြည့်ဖြစ်တယ်။ 3D ကာတွန်းကားလေးတွေလည်း ကြိုက် လို့ကြည့်ရှုဖြစ်ပါတယ်။

မမျိုးချောချောအိ

သီချင်းက လင်းလင်းသီချင်း တွေကြိုက်လို့နားထောင်ဖြစ်ပါတယ်။အရင်တုန်းကဦးလွှမ်းမိုးသီချင်းတွေလည်းနားထောင်ဖြစ်တယ်။မိုးရာသီ ဆိုတော့ ရာသီနဲ့လိုက်တဲ့သီချင်းအေး အေးလေးတွေ နားထောင်ဖြစ်တယ်။ပိတ်ရက်ဆိုရင်တော့ 3D ဇာတ်လမ်း လေးတွေကြိုက်လို့ကြည့်ရှုဖြစ်ပါတယ်။ ပညာပေးဇာတ်လမ်းတွေဆိုရင် အိန္ဒိယ ဇာတ်ကားတွေကြိုက်တယ်။ PK လိုမျိုး ဘာသာရေးဇာတ်လမ်းတွေကို ကြိုက်တယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here