နိုင်ငံခြားက လာပါလာပါဆိုပြီး ဖိတ်ခေါ်ခံခဲ့ရတဲ့ ‘ကယန်းအလှ’ ရုပ်ရှင်ဇာတ်ကားနဲ့ ကမ္ဘာပတ်ပြီးတဲ့ နောက် ဒါရိုက်တာအောင်ကိုလတ်က ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လထဲမှာ စတင်ရိုက် ကူးတော့မှာပါ။ သိပ်မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးခဲ့တဲ့ ‘နေရယ်လရယ် အမှန်တရားရယ်’ အပိုင်း-၂ နဲ့ပတ်သက်ပြီးလည်း ဦးအောင်ကိုလတ်ကို မေးဖြစ်တဲ့အခါ…
”တကယ်တမ်းပြောလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်မှာ ဘာလိုအပ်နေလဲဆိုတော့ ဥပဒေကို Learn လုပ်ရမယ့်အချိန်မရှိကြဘူး။ ကိုယ့်ရဲ့ နိစ္စဓူဝ အလုပ်တွေနဲ့ရှုပ်နေကြတာ။ ဥပဒေဗဟုသုတနည်းနေတာပေါ့နော်။ အဲဒီလိုအချိန်မှာ သူများတွေက ကိုယ့် လယ်ယာမြေကို မသိမသာနာမည်ပြောင်းသိမ်းပစ်လိုက်တယ်။ လာဘ်ပေးလာဘ်ယူတွေလုပ်တယ်။ မုဒိမ်းကျင့်တယ်။ နောက်ပြီးတော့ အများကြီး လူကုန်ကူးခံရတယ်။ ရုံးတွင်းပျက်စီးတယ်။ ခြစားတယ်။ အဲဒါတွေအများကြီးကျွန်တော်တို့တွေ့ရတယ်။ အဲဒီလိုတွေ့ရတဲ့အချိန်မှာ ‘နေရယ်လရယ် အမှန်တရားရယ်’ ကို Pyoe Pin Institute နဲ့ စီစဉ်ပြီးရိုက်ကူးခဲ့တယ်။ ဒီတစ်ခေါက်မှာလည်း ထုတ်လုပ်မှုတာဝန်ခံက ဒေါ်ဆွေဇင်ထိုက်ပဲ။ ဒါရိုက်တာကတော့ အောင် ကိုလတ်ပဲဆက်လုပ်ပေါ့နော်။ တည်းဖြတ်တာကတော့ Yangon Film School က တည်းဖြတ်တယ်။ ဒါတွေအားလုံးကပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ မတ်လအထိ ရိုက်ကူးပြီးစီးသွားပါပြီ။တော်တော်လည်းသ နား ဖို့ကောင်းတဲ့ Story ဖြစ်သလို ဒီဇာတ်ကားကိုကြည့်ရှုပြီးတာနဲ့ သြော်…ဒါကဒီလိုရှိပါလား၊ အဲဒီ လိုရှိလာရင် ငါဘယ်လိုလုပ်မလဲ။ စသဖြင့် မြင်သွားဖို့လိုတာပေါ့။ ကျွန်တော်တို့က အဲဒါကို Sharing လုပ်တာဖြစ်တဲ့အတွက် ပရိသတ်တွေဆက်လက်အားပေးမယ်လို့ မျှော်လင့်ပါတယ်။ စက်တင်ဘာလောက်မှာ မီဒီယာတိုင်းမှာ ပြသပါမယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်