စကိတ်ပြိုင်ပွဲနဲ့ သရုပ်ပြပွဲကို မန္တလေးကျုံးဘေးမှာကျင်းပ

0
359

Mandalay Skateboard Association က ကြီးမှူးကျင်းပတဲ့ Go Skateboarding Day အထိမ်း အမှတ်စကိတ်ပြိုင်ပွဲနဲ့ သရုပ်ပြပွဲကို ဇွန်လ ၂၁ ရက် နံနက် ပိုင်းက ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၆၇ လမ်းကြား ကျုံးဘေး Public area မှာ ကျင်းပ ခဲ့ပါတယ်။

“ဇွန်လ ၂၁ ရက်ဟာ ကမ္ဘာ့စ ကိတ်စီးသူများနေ့ဖြစ်ပါတယ်။ ဒီပွဲ ဟာ မန္တလေးမြို့မှာ ပထမဦးဆုံး ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ နိုင်ငံတကာ နည်းတူ စကိတ်အားကစားကို ပိုမို ကျယ်ပြန့်စေရန်နဲ့ လူငယ်လူရွယ် များ မူးယစ်ဆေးဝါးဘက်ကို စိတ်မ ရောက်ဘဲ အားကစားတစ်ခုခုကို စိတ်ပါဝင်စားပြီး ကျန်းမာကြံ့ခိုင်စေဖို့ အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ် ပါတယ်” ဟMandalay Skate- board Association မှ ကိုလင်း လင်းက ပြောပါတယ်။
ကမ္ဘာပေါ်ရှိ မြို့တော်ကြီးများ မှာ အများပိုင်နေရာတွေ၊ လမ်းတွေ နဲ့ လူထုအစည်းအဝေးကျင်းပပြုလုပ် ရာနေရာတွေမှာ No Skating Sign (or) No Skateboarding Sign ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့ရတဲ့ အတွက် ပြောင်းလဲဆန့်ကျင်သော အားဖြင့် Go Skateboarding Day အဖြစ် ၂ဝဝ၆ ခုနှစ်မှာ စတင်ကျင်း ပခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၂ နိုင်ငံကအထိမ်းအမှတ်ပွဲပေါင်း ၃၅ဝ ကို ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါ တယ်။

စကိတ်ဘုတ်အားကစားကို ဂျပန်နိုင်ငံမှာ ကျင်းပမယ့် 2020 တိုကျိုအိုလံပစ်မှာ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင် ရေးအတွက် နိုင်ငံတကာ စံချိန်မီ စကိတ်ကွင်းများကို နိုင်ငံတော် အထောက်အပံ့များနဲ့ အတတ်နိုင် ဆုံးကူညီထောက်ပံ့ပေးသွားမှာဖြစ် ကြောင်း မန္တလေးမြို့မှာ ပြည်သူများ လွတ်လပ်စွာအသုံးပြုနိုင်တဲ့ နိုင်ငံ တကာစံချိန်မီ စကိတ်ကွင်းဖြစ်ပေါ် လာစေဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here