သိပ်ချစ်စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှု ဓလေ့တွေ ပျောက်ကုန်ပြီဆိုတ ဦးမေတ္တာ

0
239

ကမ္ဘာမြေကြီးအတွက် သစ်ပင်တွေ စိုက်ပျိုးကြရမှာဖြစ်ပြီး သစ်ပင်တွေက လူတွေကို အမြဲအကျိုးပြုပါတယ်လို့ လူရွှင်တော်ကြီးဦးမေတ္တာက ပြောပြပါ တယ်။ အရင်ကာလတွေတုန်းကဆိုရင် အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးတွေရဲ့အောက် မှာ ရေချမ်းအိုးစင်လေးတွေ ထားပေးထားတာက သိပ်ကိုချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ပဲလို့ သူက ပြောပြပါတယ်။

“အခုဆိုရင် အဲဒီအမူအကျင့်တွေ ပျောက်ကုန်တယ်။ အဲဒီအမူအကျင့်တွေပြန်ပြီး ဖော်ထုတ် ရမယ်။ ခေတ်နောက်ပြန်ဆွဲတာ မဟုတ်ဘူး။ ယဉ်ကျေးမှုကို ဖော်ထုတ်ချင်တာ။ မုန့်ပျားသလက် ဘယ်လိုလုပ်မလဲ မသိဘူး၊ ခေါက်မုန့် ဘယ်လိုလုပ်လဲ မသိဘူး။ သိလည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့ ဆူရှီကို စိတ်ဝင်စားတယ်။ ကင်ချီ စိတ်ဝင်စားတယ်။ တခြားတိုင်းတစ်ပါးက မုန့်ပဲ သရေစာကို ခေတ်မီမီဝယ်စားသလိုမျိုး ကိုယ့်တိုင်းပြည်က မုန့်ပဲသရေစာကို ဘယ်လို ကောင်းအောင်လုပ်မလဲဆိုတာ စဉ်းစားသင့်တယ်။ အဲဒီအတွက် ဦးမေတ္တာတို့က ယဉ်ကျေးမှု အရရော ဓလေ့အရရော ဒါတွေကိုပြန်လည် ဖော်ထုတ်ရမယ်”လို့ ဦးမေတ္တာက ပြောပြပါတယ်။ သစ်ပင်စိုက်ပျိုးတဲ့ အခါမှာလည်း တန်ဖိုးရှိတဲ့အပင်တွေ၊ ယတြာချေလို့ရတဲ့ အပင်တွေ၊ မြတ်စွာ ဘုရားပွင့်တော်မူတဲ့ အပင်တွေလည်း စိုက်ပျိုးစေချင်ပါကြောင်း ဦးမေတ္တာက အကြံပြုပြောပြ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here