၂ဝ၂ဝ ခုနှစ်မှာ တင်ဆက်နိုင်ဖို့ ကြိုးစားနေတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ဂီတဘဝသရုပ်ဖော် စင်တင်ကဇာတ်

0
400

လာမယ့် ၂ဝ၂ဝ ခုနှစ်မှာတော့ ပရိသတ်အချစ်တော် မိုက်ကယ်ဂျက် ဆင်ရဲ့ ဂီတဖြတ်သန်းမှုဘဝကို ပုံ ဖော်တင်ဆက်မယ့် စင်တင်ကဇာတ် တစ်ခုကို တင်ဆက်နိုင်ဖို့ စတင်ပြင် ဆင်နေကြတယ်လို့ သိရပါတယ်။ အဆိုပါ ဂီတဇာတ်လမ်းကို ပုလစ်ဇာ ဆုရ စာရေးဆရာ Lynn Nottage က ရေးသားနေတာဖြစ်ပြီး ဇာတ် လမ်းရဲ့ အမည်ကိုတော့ မစဉ်းစားရ သေးဘူးလို့ ဆိုပါတယ်။ ပွဲစီစဉ် နေသူတွေရဲ့ ထုတ်ဖော်ပြောကြား ချက်တွေအရ ဘယ်ကဇာတ်ရုံမှာ ကျင်းပမယ်ဆိုတာ မရွေးချယ် ရသေးဘူးလို့ သိရပါတယ်။

တင် ဆက်မှုထဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကျော် Thriller, Beat it နဲ့ Smooth Criminal အစရှိတဲ့ ဒီနေ့ ထိ ပရိသတ်စွဲလမ်းနေဆဲ သီချင်းတွေ လည်း ပါဝင်မှာပါလို့ ဆိုပါတယ်။ ဇာတ်လမ်းတစ်ခုလုံးရဲ့ အကနည်းပြ ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့်သူ ကတော့ ၂ဝ၁၅ ခုနှစ်ကချီးမြှင့်တဲ့ Tony Award ဆုရဲ့ အကောင်းဆုံး အကတင်ဆက်မှုဆုကို ချီးမြှင့်ခံထား ရသူ Christopher Wheeldon ဖြစ် ပါတယ်။

ပရိသတ်အချစ်တော် အဆို တော် မိုက်ကယ်ဂျက်ဆင်ကို ၁၉၅၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ မွေးဖွား ခဲ့ပြီး ၁၉၈၂ ခုနှစ်က ထုတ်လုပ် ဖြန့်ချိတဲ့ Thriller တေးအယ်လ်ဘမ်နဲ့ စတင် ကမ္ဘာကျော်ခဲ့သူဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့ပေမယ့် ပရိသတ် သန်း နဲ့ချီပြီးအခိုင်အမာအားပေး ထောက် ခံမှုရရှိနေသေးတဲ့သူတစ် ယောက် ဖြစ်ပါတယ်။

Ref: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here