သူငယ်ချင်းနဲ့ ပူးပေါင်းပြီး အနုပညာ ဖန်တီးမှုတစ်ခု တင်ဆက်မယ့် နေမိုးဝင်း

0
236

သူငယ်ချင်းဖြစ်သူ ထွန်းဝီရနဲ့အတူတူ ရုပ်ရှင်ရိုက်ကူးဖြစ်ဖို့အစီအစဉ်ရှိတယ်လို့ နေမိုးဝင်းက ပြောပါတယ်။ နေမိုး ဝင်းနဲ့ ထွန်းဝီရတို့နှစ်ဦးဟာ ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးပါတယ်။ ထွန်းဝီရဆိုရင်လည်း ငယ်စဉ်က ကလေးသရုပ်ဆောင် အဖြစ် သရုပ်ဆောင်ခဲ့ဖူးပြီး နေမိုးဝင်းဆိုရင်လည်း ဒါရိုက်တာအောင်ကိုလတ်ရိုက်ကူးတဲ့ နေရယ်လရယ် အမှန်တရား ရယ် အပိုင်း၂ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါကြောင့်လည်းသူတို့နှစ်ဦးဟာ ရုပ် ရှင်နဲ့ပတ်သက်လို့ မစိမ်းကြတဲ့အတွက် ရုပ်ရှင်ကိုအရင်ဆုံး အကောင်အထည်ဖော်မယ်လို့ ပြောကြခြင်းလည်းဖြစ်ပါတယ်။

“စဉ်းစားထားကြတာရှိတယ်။ ရုပ်ရှင်ရိုက်ကူးမယ်ဆိုရင်လည်း နှစ်ယောက်စလုံးစဉ်းစားထားတဲ့ ဇာတ်လမ်းမျိုးလေး တွေရှိတယ်။ ကျွန်တော်တို့ထင်ပါတယ်။ ရုပ်ရှင်ကိုအရင်ဖန်တီးဖြစ် မယ်လို့လေ။ ကျွန်တော်တို့ နှစ်ယောက်အတူတူလုပ်တာတွေ အကုန်လုံးကို အားပေးကြပါဦး။ ကျွန်တော်တို့တွေ အများကြီး လည်း လုပ်ဖို့ရှိတယ်။ အခုစနေပါပြီ။ ဇာတ်ကားထွက်ရှိလာရင် လည်း အားပေးကြပါဦး” လို့ နေမိုးဝင်းကပြောပါတယ်။ ထွန်းဝီရ နဲ့ ပတ်သက်လို့လည်း နေမိုးဝင်း ပြောပြတာက –

“သူကလည်းကူညီတယ်။ တစ်ခုခုဆိုရင် ပြောပြတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ပေါလေ့” လို့ ပြောပါ တယ်။ ထွန်းဝီရနဲ့နေမိုးဝင်းတို့ဟာ ဇူလိုင်လထဲမှာ ရုရှားနိုင်ငံကို လေ့လာရေးခရီးအဖြစ် သွားရောက်ကြရဦးမှာဖြစ်ကြောင်းသိရ ပါတယ်။နေမိုးဝင်းက သဘင်မင်းသားကြီး ဦးစိန်မာဒင်ရဲ့ မြေး တစ်ဦးဖြစ်ပြီး ဦးမိုးဝင်းရဲ့သားတစ်ဦးဖြစ်ကာ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊အဂ္ဂါမိုးဝင်းတို့ရဲ့ ညီအငယ်ဆုံးလည်းဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here