တေးသီချင်း မူပိုင်ခွင့်နဲ့ ပတ်သက်လို့ အချိန်ပေးပြီး ဆောင်ရွက်နေသူ တေးရေး ညီညီသွင်

0
434

လတ်တလောထွက်ရှိထားတဲ့ တေးသံရှင် မီမီဝင်းဖေရဲ့ ‘ပန်ဆင်မယ်ဆို’ တေးစီးရီးမှာ တေး ရေး ညီညီသွင်ရဲ့ လက်ရာတွေ တော်တော်များများ ပါဝင်ပါတယ်။ အသက် ၁၆နှစ်သားအရွယ်ကတည်း က သီချင်းစရေးတာ အခုအသက် ၅ဝ ကျော်အထိ ပါပဲလို့ပြောတဲ့ တေးရေး ညီညီသွင် ဆောင်ရွက် ဖြစ်နေတဲ့အရာက ….

”ကျွန်တော်ကတော့ သီချင်းပဲရေးတာပါ။ ဟိုတလောကတော့ အဆိုပြိုင်ပွဲတွေဘာတွေ ဒိုင် လုပ်ဖြစ်ခဲ့တာတော့ ရှိတယ်။ အဓိကကတော့ သီချင်းရေးတဲ့ဘက်ကို အာရုံစိုက်ချင်တယ်။ နောက် တစ်ခုကတော့ ကျွန်တော်တို့ရေးထားတဲ့၊ ကျွန်တော် တို့ဖန်တီးထားတဲ့ အနုပညာတွေရဲ့ မူပိုင်ခွင့်တွေ အတွက်ကိုလည်း ကျွန်တော် အခုနောက်ပိုင်း စိတ်ဝင်စားလာတယ်။ အဲဒီဘက်ကို တော်တော် လေး အချိန်ပေးပြီးတော့လုပ်ဖြစ်တယ်။ အဓိကအားဖြင့်တော့ ကျွန်တော် ကိုယ်တိုင်ထက်ကို နောင်သီချင်း ရေးမယ့် ညီငယ်တွေအတွက် အခွင့်အရေးလေးတွေ သေချာ စေချင်တယ်။ အဲဒီအတွက် ကျွန်တော်တို့လုပ်နေပါတယ်” လို့ သူက ပြောပါ တယ်။

တေးသီချင်းမူပိုင်ခွင့်နဲ့ ပတ် သက်လို့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေ အထားက အားကောင်းလာပြီလား၊ ဘယ်လိုအခြေအနေရှိလဲဆိုတာကိုတော့ ညီညီသွင်က …..

”Copy Right ကတော့ သူများတိုင်းပြည် တွေမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီ။ တော် တော်လေးလည်း စနစ်ကျနေပြီ။ ကျွန်တော်တို့က အခုမှ စလုပ်ရတယ်ဆိုတော့ တော်တော်လေးတော့ နောက်ကျနေပြီ။ သို့သော်လည်း နောက်ကျနေပြီ ဆိုပြီးတော့ မလုပ်ဘဲနေရင်လည်း ထပ်ပြီး နောက် ကျဦးမှာ။ အဲဒီတော့ ကျွန်တော်တို့က ကိုယ် စနိုင်သလောက်လေး စကြည့်မယ်ဆိုပြီးတော့ လုပ်တာပါ။ ကျွန်တော်နဲ့အတူတူ ဆရာစိုင်းခမ်း လိတ်တို့၊ ဆရာသုခမိန်လှိုင်တို့၊ ဆရာဝင်းမင်း ထွေးတို့အပြင် တခြားတေးရေး ဆရာတော်တော် များများလည်း ပါဝင်တယ်။ အခုဆိုရင် အယောက် ၅ဝလောက်စုထားပြီးပါပြီ။ မြန်မာပရိုဆိုပြီးတော့ ကျွန်တော်တို့ အဲဒီကိစ္စလေးတွေ လုပ်ကိုင်နေပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here