သမီးဖြစ်သူကို အနုပညာနဲ့ပတ်သက်ပြီး အောက်ခြေကနေသိအောင်လုပ်ဖို့ ပြောထားကြောင်း အရိုင်းပြော

0
234

တက္ကသိုလ်ဝင်စာမေးပွဲမှာ သမီးဖြစ်သူက ဂုဏ်ထူးတစ်ဘာသာနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့အတွက် ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူပီတိဖြစ်နေသူကတော့ လူရွှင်တော်၊ ဟာသသရုပ်ဆောင် အရိုင်းပါ။ သားသမီးတွေရဲ့အောင်မြင်မှုတွေကို ကြည့်ပြီးကျေနပ်ပီတိဖြစ်ရတာကတော့ မိဘတိုင်းပါပဲလို့သူကဆိုပါတယ်။ သမီးဖြစ်သူလုပ်ချင်တာကိုသာ လုပ်ခွင့်ပြုသွားမှာ ဖြစ်တဲ့အပြင် ဘာလုပ်ပါဆိုပြီးတော့ပြောသွားမှာမဟုတ်ကြောင်း ဦးအရိုင်းကဆိုပါတယ်။

”ဒီခေတ်ဒီအခါမှာ ကလေးတွေကိုဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီးတော့ ပြောလို့မရတော့ ဘူး။ ပြောလို့မရတော့ဘူးဆိုတာက ပြောစကားနားမထောင်တာကို ပြောတာမဟုတ် ဘူး။ ပြောဖို့လည်းသိပ်မလိုတော့ဘူးလို့ထင်တယ်။ သူတို့လည်းသူတို့အသက်အရွယ် အတိုင်းအတာလေးတွေနဲ့သိကြပါတယ်။ ကျွန်တော်တို့လောက်မသိပေမယ့်လို့လေ။ သူတို့မှာအမြင်တွေအများကြီးရှိတဲ့အခါကျတော့ တစ်ချို့ကိစ္စတွေဆိုရင် ကျွန်တော်တို့ တောင်သူတို့ပြောပြမှသိတာမျိုးတွေရှိတယ်။ အဲဒီတော့ဒီကလေးတွေကို အသက်ငယ် လို့ဆိုပြီးတော့ လျှော့တွက်လို့မရတော့တဲ့ ကလေးတွေဖြစ်နေပြီ။ အရင်တုန်းကလူကြီး တွေက ကျွန်တော်တို့ကို ၉ဝရာခိုင်နှုန်းလောက် ပြောခဲ့တယ်ဆိုရင် အခုဆိုရင်ကျွန်တော်တို့ ကကလေးတွေကို ၄ဝ ရာခိုင်နှုန်းလောက်ပဲပြောဖို့လိုတော့မယ်။ သူတို့ကိုယ်သူတို့ တော်တော် လေးဃသညအမသူ လုပ်နိုင်တဲ့ အနေအထားမျိုးမှာရှိပါတယ်”လို့ အခုခေတ်ကလေးတွေနဲ့ ပတ် သက်လို့ သူ့ရဲ့အမြင်ကိုအရိုင်းကပြောပြပါတယ်။ အနုပညာနဲ့ပတ်သက်လို့လည်း သမီးဖြစ်သူလုပ်နိုင်တဲ့အနုပညာမျိုးကိုပဲ စဉ်းစားပေးသွားမှာဖြစ်ပြီး ဘယ်အလုပ်ပဲလုပ်လုပ်အောက် ခြေကနေစသိနိုင်အောင်ကြိုးစားခိုင်းထားတယ်လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here