နိုင်းနိုင်း၊ သက်မွန်မြင့်နဲ့ အနုပညာရှင်များစွာ တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ ဒုတိယမြောက် Esprit ဆိုင်သစ်

0
204

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုး နီးယားပြည်နယ်မှာ စတင်တည် ထောင်ခဲ့တဲ့ Esprit ဟာ International Fashion Brand တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒုတိယမြောက်ဆိုင်ခွဲအဖြစ် ဖွင့်လှစ် လိုက်တဲ့ Esprit ဆိုင်ကို ဇွန်လ ၁၆ရက်နေ့၊ ညနေပိုင်းက မြန်မာပ လာဇာမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အ ခုလို ဆိုင်ဖွင့်လှစ်ရခြင်းအ ကြောင်း ကို Esprit Myanmar မှ ဒေါ်ဝင်းနီ ခိုင်က . . .

”ဂျန်းရှင်းစီးတီးမှာ မနှစ်က စပြီး ဖွင့်လှစ်ခဲ့တယ်။ အစ်မတို့ကို အားပေးတဲ့ Customers တွေလည်း တွေ့ရတဲ့အတွက် အလွန်ဝမ်း သာတယ်။ ကြည်လည်း ကြည်နူးမိ တယ်။ အဲဒီတော့ အခုချိန်မှာ ကား တွေလည်းတအားကျပ်လာတယ်။ မိုးတွင်းလည်းဖြစ်လာတဲ့အတွက် သွားရေးလာရေးအခက်အခဲလည်း ဖြစ်တော့ ရန်ကုန်မြို့ထဲမှာပဲ ကိုယ့်ရဲ့ Customer တွေ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့အတွက် မြန်မာပလာ ဇာမှာ ဖွင့်လှစ်မယ်ဆိုပြီးတော့ နေရာ ကိုစောင့်ခဲ့တယ်။ အခုဆိုလို့ရှိရင် ဒုတိယမြောက်ဆိုင်ကို အောင်အောင် မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပြီ”လို့ ပြောပြပါတယ်။ ဆိုင်ဖွင့်ပွဲတက် ရောက်လာ တဲ့ အနုပညာရှင်တွေထဲ က နိုင်းနိုင်းကတော့

”Esprit က ၁၉၆ဝ ခုနှစ် လောက်ကတည်းက ပေါ်ထွက် ခဲ့တာပါ။ ကျွန်တော်တို့ထက် သက်တမ်းအားဖြင့်ဆိုရင်တော့ တော်တော်ကို ကြီးပါတယ်။ အခုချိန် ထိလည်း သူ့ရဲ့ Brand တွေက ကွာလတီလည်း မကျသွားဘူး။ ဝတ်ဆင်ရတာလည်း သက်သောင့် သက်သာဖြစ်စေတယ်။ အခုနောက် ပိုင်း ကျွန်တော်တောင်မှမတွေ့ဖူး သေးတဲ့ဒီဇိုင်းအသစ်တွေထပ်ထွက် လာသေးတယ်”လို့ Esprit ကို ချီးမွမ်းစကားဆိုခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here