မီးလောင်သေဆုံးသွားတဲ့ ဟာသသရုပ် ဆောင် Kim Tae Ho

0
168


ဇွန်လ ၁၉ ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ လူရွှင်တော် Kim Tae Ho ဟာ Gunsan မှာ ဖြစ် ပွားခဲ့တဲ့ မီးလောင်မှုမှာ သေဆုံးသွားခဲ့ပါ တယ်။ လူရွှင်တော် Tae Ho ဟာ ရန်ပုံငွေပွဲအတွက် ဖျော်ဖြေဖို့ Gunsan ဆီသွားရောက် ခဲ့ပြီး အသိတွေနဲ့ အတူ အရက်သောက်နေခဲ့ပါတယ်။

သူတို့အဖွဲ့ အရက်သောက် နေတဲ့ အဆောက်အအုံမှာ အသက် ၅ဝ အရွယ်ရှိတဲ့ ယောက်ျားတစ်ယောက် က ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။ လူအယောက် ၃ဝ ဒဏ်ရာရရှိခဲ့ပြီး Kim အပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။ Kim Tae Ho ဟာ ၁၉၉၁ ခုနှစ်ကတည်း က KBS မှာလူရွှင်တော်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၂ဝ၁၃ခုနှစ် မှာ Lifetime Achievement Award ကို ရရှိခဲ့သလို အကောင်းဆုံး MC ဆုကို လည်း ၂ဝ၁၄ခုနှစ်မှာ ရရှိခဲ့ပါတယ်။ အခုနှစ်အတွင်းမှာလည်း သူဟာ MC အဖြစ် ပါဝင်လုပ်ကိုင်နေဆဲလို့ သိရပါတယ်


LEAVE A REPLY

Please enter your comment!
Please enter your name here