ဇာတ်လမ်းတွဲအသစ်မှာ မြင်တွေ့ရမယ် မင်းသား Ahn Jae Hyun

0
249

မင်းသား Ahn Jae Hyun ရဲ့ အေဂျင်စီက မင်းသားနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ဇွန်လ ၂ဝ ရက်နေ့က ပရိသတ်တွေထံ အသိပေးခဲ့ပါတယ်။

မင်းသားကို JTBC ရဲ့ ဇာတ် လမ်းတွဲအသစ် Beauty Inside မှာ ပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားပြီး ပါဝင်နိုင် ခြေများတယ်လို့ သိရပါတယ်။Beauty Insideရဲ့ မူရင်းဇာတ်ကား မှာ မင်းသမီး Han Hyo Joo နဲ့ မင်းသားများစွာ ပါဝင်သရုပ်ဆောင် ထားပြီး မနက်တိုင်း ကိုယ်ခန္ဓာ အသစ်နဲ့ နိုးထလာတဲ့ ယောက်ျားတစ်ယောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုက်ကူးထားတာပါ။

အခုရိုက်ကူးမယ့် Beauty Inside ဇာတ်လမ်းတွဲမှာ မင်းသမီး Soe Hyun Jin နဲ့ Lee Da Hee တို့ကိုလည်း ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်း ထားပါတယ်။ ဒါရိုက်တာ Soe Do Jae က ရိုက်ကူးမှာဖြစ်ပြီး မကြာခင် ပရိသတ်ထံ ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here