အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မထူးခြားသေးဘူး အကယ်ဒမီ ဝတ်မှုံရွှေရည်

0
280

ဝတ်မှုံရွှေရည်နဲ့တွေ့ရင် မီဒီယာတွေအမေးများဆုံး မေးခွန်းတစ်ခုပါ။ နာမည် ကျော် မင်းသမီးတစ်ယောက် ဖြစ်တဲ့သူမရဲ့ အချစ်ရေးကို ပရိသတ် တွေကလည်း သိချင်ကြမှာပါ။ ရဲတိုက်၊ ဒေါင်း၊ ရွှေထူးတို့နဲ့ အတူ ပါဝင်ရိုက်ကူးမယ့် ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ ဝတ်မှုံရွှေရည်ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ မေးမြန်း ကြတဲ့အခါမှာတော့ …..

”မထူးခြားသေးပါဘူး။ ဒါပဲမေးနေကြတာ။ ကစ်ကို ထူးခြားစေ ချင်ကြတယ်ထင်တယ်။ လာမယ်၊လာမယ်”လို့ သူမက ရယ်ရယ်မောမောပြောပြပါတယ်။

ရွှေတိဂုံစေတီ တော်ပေါ်မှာပြုလုပ်တဲ့ ဇာတ်ကား ကန်တော့ပွဲမှာ သူမက စိတ်ကြည်နူး ချမ်းမြေ့စွာနဲ့ ဘုရားရှိခိုးနေတာလည်းမြင်တွေ့ရပါတယ်။ ဘာသာရေးနဲ့ ပတ်သက်လို့ အခု နောက်ပိုင်း သိပ်မလုပ်ဖြစ်ဘူးလို့ သူမက ဝန်ခံပါတယ်။

”မအားလပ်တဲ့အချိန်ကများတော့ ရှုတင်တွေရှိတဲ့ အချိန်ဆိုရင် ဘုရား၊ တရားကို သိပ်အာရုံမစိုက်ဖြစ်ဘူး။ အားလပ်တဲ့အချိန်ဆိုရင်တော့ တရားစခန်းဝင်ဖြစ်တယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

‘ဒဏ္ဍာရီ မိုး’ ရုပ်ရှင်ဇာတ်ကားက မဆုံဖြစ်ကြ တာကြာပြီဖြစ်တဲ့မင်းသားရဲတိုက်နဲ့ ပြန်ဆုံရမှာဖြစ်တဲ့အတွက် ဝတ်မှုံရွှေရည် က…..

”အရင်တုန်းကတော့ ဆုံဖူးတယ်။ ကိုရဲ တိုက်နဲ့က မဆုံဖြစ်တာလည်း တော် တော်ကြာပြီဆိုတော့ ဝမ်းသာပါတယ်” လို့ပြောပြီး ဒေါင်း၊ ရွှေထူးတို့နဲ့သရုပ် ဆောင်ရမယ့်အပေါ်ကိုလည်း သူမ က…..

”ဒီဇာတ်ကားထဲမှာ တစ် ယောက်နဲ့တစ်ယောက် ကာရိုက်တာ မတူ ကြတဲ့အခါကျတော့ သူ့လုပ်ကွက်နဲ့ သူရှိကြတယ်ပေါ့” လို့ ပြောပါတယ်။

‘ဒဏ္ဍာရီမိုး’ ရုပ်ရှင် ဇာတ်ကား မှာ သရုပ်ဆောင်ရမယ့် ဝတ်မှုံရွှေရည်ရဲ့ ကာ ရိုက်တာ၊ ပြီးတော့ အမျိုး သားသရုပ် ဆောင်၃ယောက် နဲ့ အတူဆုံ ရမယ့် တွေ့ဆုံခန်း လေး တွေနဲ့ပတ်သက် ပြီး မေးမြန်းတဲ့ အခါဝတ်မှုံရွှေ ရည်ပြောပြရာ မှာတော့ …

”ကာရိုက်တာက ပြောလို့မရဘူး။ ကစ်ကို ဒါရိုက် တာကပေး မ ပြောခိုင်းဘူး။ ဒဏ္ဍာရီဆန် ဆန် လေးပေါ့။ ဒီဇာတ်ကား ကတော် တော်လေး ပြင် ဆင် ချိန်ရ ပါတယ်။ ပင် တော့ ပင်ပန်း မှာပေါ့။ ယော က်ျားလေး ၃ ယောက် နဲ့တွေ့ ဆုံခန်း လေးတွေ ကတော့ ပျော်ဖို့ကောင်းမှာပါ။ ဇာတ်လမ်းကတော့ထူးခြား တယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here