မြန်မာသံစဉ်သီချင်းတွေနဲ့ ပရိသတ်ရင်ကို သိမ်းပိုက်နိုင်ခဲ့တာ ဘာကြောင့်လဲ မနော

0
409

 

ဟိုနေရာမှာ မနော၊ ဒီနေရာမှာမနောနဲ့ တောရော၊ မြို့ပါမကျန် အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ဦး။ ဒီဘက်ခေတ်ပိုင်းမှာကတော့ မနောလိုအောင်မြင်တဲ့ အဆိုတော်ရှားပါတယ်။ စတီရီယိုပိုင်းမှာ အခွေထွက်တယ်။ တစ်စွန်းတစ်စလောက်ပဲ အောင်မြင်တယ်။ သီချင်းကို ပရိသတ်တွေကသိကြတယ်။ သို့သော် မနော ဆိုတာ လူမသိသေးဘူး။ မနောဆိုပြီး ကွက်ကွက်ကွင်းကွင်း သိသွားကြတဲ့ သီချင်းတွေအများစုက မြန်မာသံစဉ်သီချင်းတွေလို့ဆိုရင် မှားမယ်မထင်ပါဘူး။ ‘ကျွန် တော်တို့ရွာ’၊ ‘ကြာဖြူ’၊ ‘အခုကောင်းမှ နောင်ကောင်း’၊ ‘ချမ်းမြေ့ပါစေအမေ’စသဖြင့်ပေါ့လေ။ ခံစားမှုရသတွေ ပေးစွမ်းနိုင်တဲ့ သီချင်းကောင်းလေးတွေ၊ လူကြီး လူငယ်အစုံနားထောင်နိုင်တဲ့သီချင်းလေးတွေ။

စတီရီယိုလိုင်းကို သီးသန့်မသွားဘဲဘာဖြစ်လို့ မြန်မာသံစဉ်သီချင်းတွေပဲ သီဆိုဖြစ်တာလဲဆိုတာကိုတော့ မနောက …

”မြန်မာသံကတော့ ထုတ်ဖြစ်တယ်ဆိုတာက တကယ်တမ်းအပုဒ် ရေ ယှဉ်လိုက်ရင် စတီရီယိုကများ တာ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ သံကို ကျွန်တော်က ပရဟိတသီချင်း တို့၊ လူသားအကျိုးပြုသီချင်းတို့က အခွေမစောင့်နိုင်ဘူး။ အဲဒါတွေက ကျွန်တော်တို့ အဆိုတော်တွေ ဆိုပေး သင့်တဲ့ သီချင်းလို့ကို ခံယူထားတာ။ ကျွန်တော်သီဆိုရင်းနဲ့ ပရဟိတလုပ်နေတာပဲလေ။ ကလေးတွေအတွက် ပညာပေးလား၊ လူသားတွေအတွက် ပညာပေးလား၊ ဘာသာရေးအကျိုးပြုလား၊အဓိကကတော့ ဒီသီချင်းတွေကို နာမည်ရှိသွားတဲ့ အဆိုတော်တိုင်း သီဆိုပေးသင့်တယ်လို့ မြင်တာပေါ့နော်။ ကျွန်တော့်ရဲ့ ဆန္ဒကတော့ ကျွန်တော် အဲဒီလိုကြောင့် သီဆိုနေတာ။ ကျွန်တော်အဲဒီသီချင်းလေးတွေ တစ်ပုဒ်ချင်း၊ တစ်ပုဒ်ချင်းတင်နေတာဆိုတော့ တကယ်တမ်း မြန်မာသံ အခွေက တစ်ခွေပဲ ထွက်ရသေးတာ။ ‘ချမ်းမြေ့ပါစေ အမေ’ရယ်၊ အခုကျွန်တော် အွန်လိုင်းပေါ်တင်ပေးထားတဲ့ သီချင်းတွေရယ်ဆို အပုဒ်ရေကဘယ်လောက်မှမရှိဘူး။ ကျွန်တော်ထွက်ထားတဲ့ သီချင်းက အပုဒ် ရေ ၅ဝ ကျော်တယ်။ စတီရီယိုသီချင်းက များပါတယ်” လို့ သူက ပြောပါတယ်။

သီချင်းအသစ်တွေ ထပ်မံထွက်ရှိ လာဖို့လည်း မနောဆီမှာရှိနေပါသေးတယ်။ မကြာသေးခင်ကမှ အွန်လိုင်းမှာ သီချင်းအသစ် ၂ ပုဒ်တင်ထားတာလည်း တွေ့ရ တယ်။ သူခံယူထားတာက …

”ပထမဦးဆုံးထွက်တဲ့ အခွေလေးက လူသိပ်မသိတော့ ကျွန်တော်တို့ ဘယ် လိုဖန်တီးထားထား သဲထဲရေသွန်ပဲလေ။ ဒုတိယတစ်ခွေ ‘ချစ်တယ်’နဲ့ ‘ကမ်းစပ်ဒဏ္ဍာရီ’ လေးက ပေါက်လာတော့ရှေ့သီချင်းတွေလည်း နားထောင်လာသလို နောက် ထပ်သီချင်း တွေလည်းပရိသတ်တွေ မျှော်လင့်လာတယ်။ နောက်ထပ် နောက်ထပ်ပေါက်လာတဲ့ သီချင်း လေးတွေများလာတော့ ကျွန်တော်တို့လုပ်သမျှကို ပရိသတ်ကြည့်ဖြစ်သွားတယ်။ ကျွန်တော်တို့ ဖန်တီးထားတဲ့အနုပညာတွေကို ချပြခွင့်ပေးတဲ့ ပရိသတ်ကြီးက တကယ့်ကျေးဇူးရှင်ပါ။ ပေါက် ခြင်း၊ မပေါက်ခြင်း၊ ကြိုက်ခြင်း၊ မကြိုက်ခြင်းက ကျွန်တော်တို့ရဲ့ အားနည်းချက်၊ အားသာချက်နဲ့ ဆိုင်တယ်။ နောက်ထပ်လည်း အလတ်ဆတ်ဆုံးတွေ၊ သုတ၊ ရသတွေ ဖန်တီးနေဦးမှာပါ။ တိုက်ဆိုင် မှုရှိတယ်၊ ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်လည်း ဝေမျှပါဦး”လို့ ပြောပါတယ်။ ဖျော်ဖြေပွဲတွေမှာ မနောက အရွယ်သုံးပါးစလုံးတောင်းဆိုတဲ့ သီချင်းတိုင်းကို ဖျော်ဖြေပေးလေ့ရှိပြီး အရင်တုန်းက တစ်ပွဲမှာ ၁ဝ ပုဒ်လောက်သာ ဖျော်ဖြေခဲ့ပေမယ့် လက်ရှိအချိန်မှာ ၁၅ ပုဒ်အနည်းဆုံး ဖျော်ဖြေ ပေးဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here