ထိတ်ထိတ်ကြဲတို့ လေးပွင့်ဆိုင်ချစ်ကြမယ့် ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကား

0
315

‘ဒဏ္ဍာရီမိုး’ လို့အမည်ပေးထား တဲ့ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ကားကိုတော့ Seven th Sense Film Production မှ ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်က ရေးသားထားပါတယ်။ ဆာတိုရီကမင်းသား ၂ ယောက်ဖြစ် တဲ့ ရဲတိုက်နဲ့ဒေါင်း၊ ပြီးတော့ ဝတ်မှုံ ရွှေရည်၊7 Sense နဲ့ ရိုက်ကူးရေး တွေ တောက်လျှောက်လုပ်ဖြစ်နေတဲ့ ရွှေထူး၊ သူတို့ ၄ ယောက်ရဲ့ အား ပြိုင်မှုက ပရိသတ်တွေ အကြိုက် တွေ့စေမှာပါ။ ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင် ဇာတ်ကားကန်တော့ပွဲကိုတော့ ဇွန် လ ၂ဝ ရက်နေ့၊ မနက်ပိုင်းက ရွှေတိ ဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့ပါ တယ်။

”လေးယောက်စလုံးက သူ့ လုပ်ကွက်နဲ့သူဆိုတော့ အဆင်ပြေပါ တယ်။ ဇာတ်လမ်းလေးက ထူးခြားပါ တယ်”လို့ ဝတ်မှုံရွှေရည်ကပြောသလို

ရဲတိုက်ကလည်း ”ကျွန်တော့်ရင်ထဲကို ရောက်လို့၊ ဇာတ်ကို ကြိုက်လို့ လက် ခံရိုက်ကူးဖြစ်တာပါ”လို့ဆိုပါတယ်။ ဘယ်လိုဇာတ်လမ်း မျိုးလဲဆိုတာမေး တော့ ဒါရိုက်တာဝင်းလွင်ထက်က လျှို့ဝှက်ထားသလို သရုပ်ဆောင်တွေ ကလည်း မပြောပြကြပါဘူး။

”ဇာတ်ကိုပြောပြလိုက်ရင် တစ် ကားလုံးသိသွားလိမ့်မယ်။ ကျွန်တော် တို့ သေသေချာချာ Pre Production လုပ်ထားပါတယ်။ ပရိသတ် နှစ်ခြိုက် မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်လာမှာပါ”လို့ ဒါရိုက်တာဝင်း လွင်ထက်ကပြောပြီး ရွှေထူးကတော့ ‘ဒဏ္ဍာရီမိုး’ကို စတင်ရိုက်ကူးချင်နေ ပါပြီလို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here