လက်ရှိမြန်မာ့ရုပ်ရှင်ဆိုတာက သူများနိုင်ငံကတစ်ရက်စာကို တစ်ကားစာလုပ်နေရတာဖြစ်တယ် ခရစ္စတီးနားခီ

0
136

Central Base Production ရဲ့ CEO တာဝန်ကို ယူထားသူလည်းဖြစ် အမျိုးသမီးဒါရိုက်တာလည်းဖြစ်တဲ့ ခရစ္စတီးနားခီကတော့ အနုပညာသည်ဖြစ်လာပြီဆိုရင်တော့ အနုပညာသမားပီပီရင်ဘတ်ထဲက နှလုံးသားနဲ့ ဆောက်တည်ပြီး အနုပညာကိုဖော်ဆောင်ဖို့က အဓိကဖြစ်တယ်လို့ဆိုပါတယ်။

”သို့သော် အနုပညာအလုပ်ကို လုပ်တယ်ဆိုတာကလည်း စီးပွားရေးတစ်ခုအနေနဲ့ ထည့်တွက်ရပါတယ်။ အစ်မ တို့ဆိုရင် Central Base Production အနေနဲ့လည်းရပ်တည် ရတယ်။ CEO တစ်ယောက်အနေနဲ့ သူထုတ်လုပ် လိုက်တဲ့ ရုပ်ရှင်ကိုဆုံးရှုံးလို့မရပါဘူး။ အဲဒီတော့ ဈေးကွက်တွေဘယ်လိုဖော်ဆောင်မလဲ၊ ဘယ်လိုနည်းဗျူဟာနဲ့ သွားကြမလဲ၊ တစ်ပတ်အတွင်း ကိုယ်တွေရဲ့ မာကက်တင်းအခြေအနေက ဘယ်လိုရှိလဲ၊ ရာခိုင်နှုန်းအနည်းငယ်ကျလာ လား၊ ကျလာပြီဆိုရင် ပရိသတ်ကိုသွားတွေ့ကြရမလား အဲဒီလိုမျိုးနဲ့ ဖော်ဆောင်ပါတယ်။ အနုပညာ သမားတစ်ယောက် ဖြစ်ပေမယ့်လည်း အစ်မကတော့ Central Base Production ကို ဦးစီးလုပ်ဆောင်နေတာဖြစ်တဲ့အတွက် စီးပွားရေးကို မေ့ထားလို့မရဘူး။အနုပညာသမားက ဘယ်လောက်ပဲကောင်းအောင် ကြိုးစားကြိုးစား ငွေရှုံးပြီဆိုရင် ဘယ်သူမှ ပိုက်ဆံ မထုတ်ပေးချင်ဘူးလေ”လို့ ခရစ္စတီးနားခီက ပြောပြပါတယ်။

ခီမောင်နှံတို့ကတော့ သူတို့ ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားတိုင်းမှာ သိပ္ပံရုပ်ရှင်ဇာတ်ကားဖြစ်နေခဲ့ပါစေ မြန် မာဆိုတဲ့ အငွေ့အသက်ကိုတော့ သိအောင်ထည့်သွင်းရိုက်ကူးနေမှာပဲလို့ မှတ်ယူထားကြ ပါတယ်။ မြန်မာကရိုက်တာမို့ ဘာတော့မဖြစ်နိုင်ဘူး၊ ညာတော့မရှိနိုင်ဘူးဆိုပြီး နှိမ့်ချပြီးပြောတာမျိုးမရှိစေချင်ဘူးလို့ ခရစ္စတီးနားခီကတော့ မှတ်ချက်ပြုပါတယ်။

”မြန်မာလူမျိုး တစ်ယောက်အနေနဲ့လည်း ဘာမဆိုဖြစ်နိုင်ပါတယ်။ လကမ္ဘာပေါ်တက်ချင်တဲ့ စိတ်ရှိနေလည်း ကြိုးစားပေါ့။ ကြိုးစားမှုကြောင့် လကမ္ဘာပေါ် ရောက်သွားနိုင်တာပါပဲ။ နောက်တစ်ခုပြောရရင်တော့ ဘတ်ဂျက်ဆိုတာကမောင်အရမ်းအရေးကြီးတယ်။ ဘတ်ဂျက်၊ အသိပညာ အတတ်ပညာပိုင်းနဲ့ Team အကြီးကြီးဆို တာက ဘယ်နေရာမှာမဆိုလိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် လက်ရှိမြန်မာ့ရုပ်ရှင် ဆိုတာက သူများနိုင်ငံက တစ်ရက်စာ ကို တစ်ကားစာလုပ်နေရတာဖြစ် တယ်။ ဒါဟာ လုံးဝမကောင်းဘူး ပေါ့။ အဲဒါဘာကြောင့် မကောင်း တာလဲဆိုရင် အစ်မတို့မြန်မာ့ရုပ်ရှင် ရဲ့ Market ကိုက သေးလွန်းအား ကြီးနေတာ။ အိန္ဒိယမှာဆိုရင်တော့ သူတို့ဆီက အနည်းဆုံးဘတ်ဂျက် က ဒေါ်လာ ၄ သန်းဖြစ်ပါတယ်။ ဘာကြောင့် ဒေါ်လာ ၄ သန်းဟာ အ နည်းဆုံး ဘတ်ဂျက်ဖြစ်ရသလဲဆိုရင် သူတို့မှာ Income ရှိနေလို့ပဲဖြစ် တယ်။ အဲဒီတော့ ဒေါ်လာသန်း ၂ဝ ဆိုရင်လည်း သူတို့ရိုက်ကူးနိုင်ကြ တယ်။ ရုပ်ရှင်ပွဲတော် တစ်ခုရောက် တော့ မလေးရှားမှာတောင် ဘတ် ဂျက်က ဒေါ်လာ ၂ သန်းရှိတယ်လို့ ပြောတယ်။ သူတို့မှာငွေပြန်ရှာလို့ ဆိုတာ သေချာသွားပြီ။ အစ်မတို့ ဆီမှာပြန်ရှာတဲ့ဝင်ငွေ Income မရှိသလောက် နည်းပါးနေသေး တယ်ဆိုတာ ထင်ရှားတယ်။ ဒီ အတွက်ကြောင့် မြန်မာ့ရုပ်ရှင် တွေ တိုးတက်ဖို့က ပရိသတ်က အားပေးအားမြှောက်နဲ့ အများကြီး ချီးမြောက်မှုရှိမှသာလျှင် Income ကလည်း ကြီးမားလာမှာဖြစ်ပါ တယ်။ အဓိကကတော့ စီးပွား ရေးအရမ်းမဆန်ဖို့လည်း လို တယ်။ နောက်တစ်ခုကတော့ အသိပညာအတတ်ပညာနဲ့ ဘတ် ဂျက်ဆိုတဲ့အရာ မရှိသမျှတော့ အခု လိုပဲ နောက်ကျ ကျန်ရစ်နေ ရဦးမှာပါပဲ”လို့ ခရစ္စတီး နားခီကမှတ်ချက်ပြုပြော ပြပေးခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here