ချစ်သူက လေယာဉ် Pilot ပါလို့ ဖွင့်ဟလိုက်တဲ့ ဥက္ကာမင်းမောင်

0
234

လတ်တလောမှာတော့ ဆိုရှယ် မီဒီယာပေါ်မှာ လူပြောများနေတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ ယောက်ျားချင်းအတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တက်လာခဲ့ပါတယ်။ သူ့ ကိုအားပေးတဲ့ ပရိသတ်တွေကတော့ အဲဒီပျံ့နှံ့လာတဲ့ဓာတ်ပုံတွေကို ကြည့် ပြီး မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။ ဥက္ကာမင်းမောင်ကလည်း သူ့ရဲ့ ဖေ့စ် ဘုတ်ခ်အကောင့်ပေါ်မှာ ဗီဒီယိုတင်ပြီး ပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံတွေဟာ အမှန်တကယ်ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ယောက်ျားချင်းကြိုက်နေတာ အမှန်ပင်ဖြစ်ခဲ့ကြောင်း ဗီဒီယိုတင်ခဲ့တဲ့အပေါ် ဘာများ ပြောချင် သေးလဲလို့ မေးကြည့်တဲ့အခါ ဥက္ကာမင်းမောင်က …

”ကျွန်တော် Live လွှင့်ပြီးတော့ ကျွန်တော်တို့ရဲ့ ဓာတ်ပုံပျံ့သွားတာ ရှင်းပြခဲ့ပါတယ်။ ဓာတ်ပုံတွေ ပျံ့သွားတာက အမှန်အတိုင်းပြောရရင် ကျွန်တော့်ကို သူငယ်ချင်းအရင်းကြီးကနေ အရှက်ခွဲခဲ့ပြီးပြီပေါ့။ အရှက်တွေလည်း ကွဲခဲ့ပြီးပြီဆိုတော့ အပြောခံရတာကလည်း ဟိုးအရင်ကတည်းက အဲဒီလိုမျိုးအ ပြောခံရတာတွေ အများကြီးပဲ။ ဒီတစ်ခါလည်း ပုံတွေပျံ့သွားတော့ ပေါင်းစုံအပြောခံရတာပဲ။ ကောင်း တာရော၊ မကောင်းတာရော ပြီးတော့ သူတို့ပြောတာတွေကလည်း အရမ်းပွသွားတာဆိုတော့ တစ်ခါ တည်းလိမ်မနေချင်တော့ဘူး။ လိမ်နေရင် ပိုပြီးအဆဲခံရမှာစိုးလို့ အရှိကို အရှိအတိုင်းပဲ ထုတ်ပြောလိုက် တော့ တယ်။ ကျွန်တော်ဟန်မဆောင်တတ်ဘူး။ မလိမ်တတ်ဘူး။ ရိုးသားစွာပဲ အမှန်အတိုင်းဝန်ခံလိုက် တယ်” လို့ ပြောပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်မျိုးနဲ့ ဗီဒီယိုကိုတင်ဖြစ်ခဲ့တာလဲ ဆိုတာကိုတော့ …

”အဲဒီအတွက် ပရိသတ်တွေ လျော့သွားနိုင်တယ်ဆိုတာလည်း သိ တယ်။ ကျွန်တော့်ကို မုန်းတဲ့လူတွေ ပိုပြီးများလာနိုင်တယ် ဆိုတာကိုလည်း သိတယ်။ အားပေးတဲ့သူတွေ များနိုင်တယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့လည်း ကျွန်တော်စွန့်စားပြီးတော့ အဲဒီဗီဒီယိုကို ရိုက်လိုက်တာ ပါ။ ဗီဒီယိုကို ညက ရိုက်ပြီးတော့ တင်မယ်လုပ်လိုက်၊ မတင်ဘူး လုပ်လိုက်နဲ့ စဉ်းစားပြီး နောက်ဆုံးတော့ မိုးလင်းမှပဲ ဆုံးဖြတ်ချက်ချပြီး တင် လိုက်တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဘဝကြီးကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ပဲ သွားချင် တယ်။ အဲဒါကြောင့်ပါ။ ကျွန်တော့်ရဲ့ချစ်သူက လေယာဉ် Pilot ပါ။ သူကလည်း ကျွန်တော့်ကို အရမ်းဂရုစိုက် အရမ်းချစ်တဲ့အတွက် ကျွန်တော် ဒီဘဝမှာ ပျော်နေပါပြီ” လို့ ဥက္ကာမင်းမောင်က ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here