အောင်မြင်မှု ပန်းတိုင်ဆီ အရှုံးမပေးတဲ့ စိတ်ဓာတ် နဲ့ တက်လှမ်းပါ . . .

0
253

ဘဝကြီးမှာရရှိလာတဲ့ အချိန် တွေကို ဘယ်လိုအကျိုးရှိစွာ အ သုံးချမလဲ။ လူသားအားလုံး တန်းတူ ညီမျှရရှိထားတဲ့ အချိန်များကို အသုံး ချရင်း ဥာဏ်ပညာကြီးသူ၊ ချမ်းသာ သူ၊ မေတ္တာတရားကြီးမားသူ၊ ကမ္ဘာ ကျော် အသိပညာရှင်၊ အတတ်ပညာ ရှင်၊ အနုပညာရှင် စသဖြင့် အမျိုးမျိုး ပြောင်းလဲ ဖြစ်တည် လာရပါတယ်။

ညီမျှတဲ့ အချိန်များမှာ မညီမျှတဲ့ ကြိုး စားအားထုတ်မှုတွေကြောင့် လူသား အားလုံးဟာ ကွဲပြားခြားနားသွား ရ ပါတယ်။ အဲဒါ ဘာကြောင့်လို့ ထင် ပါသလဲ။

ကျွန်တော့် ထင်မြင်ယူဆချက် များကို ပြောပြပါရစေ။ မှားယွင်းမှု ရှိက နားလည်ပေးပြီး ထောက်ပြ ဝေ ဖန်သင်ကြားပြသပေးပါလို့ ကြိုတင်

မေတ္တာရပ်ခံ တောင်းဆိုပါရစေ။

အောင်မြင်မှုရဖို့ ဘာလိုအပ်သလဲ

အောင်မြင်မှု (Success) ဆို တဲ့စကားလုံးက ပြောတော့သာ လွယ် ကူတာပါ။ တကယ်အောင်မြင်မှုရဖို့ကြိုးစားရုန်းကန်ရတာ၊ အချိန်များစွာ ပေးဆပ်ရင်းနှီးရတာ၊ ဘဝတွေ နှစ် မြှုပ်လုပ်ဆောင်ရတာတွေဟာ အ ပြောလွယ်သလောက် အလုပ်ခက်ပါ တယ်။ ဒီနေ့နည်းပညာခေတ်ထဲမှာ အရာရာဟာ ပြောင်းလဲမှုမြန်ဆန် လွန်းလှပါတယ်။

အောင်မြင်ဖို့အတွက် အဆင့် တွေ အများကြီးရှိပေမယ့် ကျွန်တော့် အတွက်တော့ ၂ ခုတည်းသာ ရှိပါ တယ်။

အဲဒါကတော့ (၁) Do သမ (၂) Die ပါပဲ။ အောင်မြင်မှု လိုချင်သ လား၊ ဟုတ်ကဲ့ လိုချင်ပါတယ်ဆိုရင်Do၊ ဒီနေ့ကစပြီး၊ ဒီအချိန်ကစပြီး စတင်လုပ်ဆောင်ပါတော့။ No ဆို ရင်တော့ မကြာခင်အချိန်မှာ Die ဖို့သာ ရှိပါတော့တယ်။

ပထမဆုံး ဦးဆောင်သူမှာ Vision အမြော် အမြင်ရှိရပါမယ်၊ ဒုတိ ယ Goal သတ်မှတ်၊ တတိယ Plan ချ မှတ်ပြီးရင် နောက်ဆုံး စတင်လှုပ် Action ပြုလုပ်ပါ။ ဒါဆိုရင် အောင်မြင်မှု Success ကရရှိဖို့ သေချာ နေပါပြီ။

နေ့စဉ်ရွတ်ဆိုနေရမယ့် စကား ကတော့Never give up! Never give up! Never give up! Never give up! Never give up! ပါ။ ဘာပဲ လုပ်လုပ်ဘယ်တော့မှအရှုံးမပေးပါနဲ့။

TEAM နဲ့ အလုပ်လုပ်ပါ

Team နဲ့ အလုပ်လုပ်ခြင်းဟာ လုပ်ငန်း တစ်ဝက် ပြီးမြောက်စေပါ တယ်။ Team နဲ့ မလုပ်တတ်ရင်တော့ရှိပြီးသား အောင်မြင်မှုတောင် ပျက် စီးသွားတတ်ပါတယ်။ TEAM ဆိုတာT= Together, E= Everyone, A = Achieves, M = More လို့ ဆိုလို ပါတယ်။

အပြုသဘောဆောင် တွေးပါ

အပြုသဘောဆောင် တွေး ခြင်း Positive Thinking ဟာ လူ တိုင်းလုပ်ဖို့ မလွယ်ကူပါ။ ကျွန်တော် တို့ဟာ အပျက်ကိုစတွေးတတ်ပါတယ်။

ရှုံးရင် ဘယ်လိုလုပ်မလဲ၊ မ အောင်မြင်ရင် ဘယ်လိုလုပ်မလဲကစ ပြီး အပျက်တွေးတာကို လေ့ကျင့်နေမိ ပါတယ်။ အခုကတည်းက စပြီး အပြု သဘောဆောင်တွေးခြင်း Positive Thinking ကို သတိထားပြီး လေ့ ကျင့်ကြည့်ပါ။ စစချင်းတော့ ခက်ခဲ ပါတယ်။ နောက်တော့ အဆင်ပြေ ချောမွေ့သွားပါလိမ့်မယ်။

ခင်ဗျား စိတ်ဓာတ်ကို ပြောင်းလဲပါ

Change your mindset. မိမိစိတ်ဓာတ်ကို စတင်ပြောင်းလဲဖို့ ပိုခက်ပါတယ်။ စည်းကမ်းမဲ့ အမှိုက် ပစ်တာ၊ လူအများ တန်းစီနေတာကို ကြားဖြတ်ဝင်နေရာလုယူမှု လုပ် ဆောင်တာ၊ အပျက်သဘော လုပ် ဆောင်တာတွေဟာ အောင်မြင်ဖို့ အတွက် မကောင်းတဲ့ စိတ်ဓာတ်တွေ ပါပဲ။ ဒီလိုစိတ်ဓာတ်တွေကို အရင် ဆုံးပြောင်းလဲချိန် တန်ပါပြီ။

အတွေ့အကြုံများက သင်ယူပါ

မိမိအတွေ့အကြုံပဲ ဖြစ်ဖြစ် သူ များ အတွေ့အကြုံပဲ ဖြစ်ဖြစ် အတွေ့ အကြုံများထဲက အမှားတွေ ပယ်ပြီး အမှန်ကိုသင်ယူပါ။ သူများရဲ့အတွေ့ အကြုံများကတော့ စာဖတ်ရင်းက ရပါမယ်၊ ဟောပြောပွဲများ နား ထောင်ရင်းက ရပါမယ်။ ဒါကြောင့် အတွေ့အကြုံများများရှိတဲ့ လူကြီး မိဘ၊ ဆရာသမားများဆီ ချဉ်းကပ်ပြီး ပညာများများ သင်ယူရပါမယ်။

ကျေးဇူးတင်စကားပြောပါ

ကျွန်တော်တို့တွေဟာ ကျေးဇူး တင် စကားပြောဖို့ ဝန်လေးတတ်ကြပါ တယ်။ လုပ်ငန်းတစ်ခုပြီးရင်၊ ဟော ပြောဆွေးနွေးပွဲ ပြီးရင်၊ ပစ္စည်းငှား ပေးပြီးရင်၊ အကူအညီတစ်ခုခုရပြီးရင် ကျေးဇူးတင်ပါတယ်(Thank You)ဆို တဲ့ စကားကိုပြောပေးဖို့လိုအပ်ပါမယ်။ အထက်မှာ ကျွန်တော်တင်ပြခဲ့တဲ့ အ တိုင်းဘယ်သူမဆို စွန့်ဦးတီထွင်မှု စိတ်နဲ့ရော စွန့်စားမှုလုပ်ရပ်နဲ့ပါအရှုံး မပေးတဲ့စိတ်ထားကာ အောင်မြင်မှု ပန်းတိုင်ဆီ အရောက်လှမ်းချီနိုင် မယ်လို့ ယုံကြည်မိပါတယ်။ ဒီဆောင်း ပါးကို ပြီးဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
အနှစ်ချုပ်လိုက်မယ်ဆိုရင် ဘာ ပဲလုပ်လုပ် Do or Die ပဲလုပ် ဆောင်ဖို့ လိုအပ်ပါတယ်။

လေးစားစွာ

ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here