ရင်လေးစရာ အဝေးသင်ပညာရေးစနစ် ပြင်ဆင်ပေးပါ

0
239

ဒီတစ်ပတ်တော့ အဝေးသင်ပညာရေးစနစ်ကို လူငယ်တွေသဘောကျလား၊ ဘဝအတွက်ဘယ်လောက်အထိ အထောက်အကူပေးနိုင်လဲဆိုတဲ့မေးခွန်းတွေနဲ့အတူ အဝေးသင်တက်ရောက် ပညာသင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူ လူငယ်တွေ ထဲက အချို့ရဲ့ လက်ရှိအဝေးသင်ပညာရေးစနစ်အကြောင်းထင်မြင်ယူဆချက်စကားသံများကို စုစည်းဖော်ပြလိုက်ရပါတယ်။

မနွေးစံ (ကျောက်ဆည်)

သမီးက တတိယနှစ်တက် နေပါတယ်။အမှန်အတိုင်းပြောရရင် ဘွဲ့ရမှ အလုပ်ခန့်မယ်ဆိုတဲ့ သတ် မှတ်ချက်ဘောင်ထဲမှာ ဘွဲ့တစ် ခုယူဖို့ပဲစိတ်ကူးရှိတယ်။အခုချိန် ထိကိုယူထားတဲ့ မေဂျာကိုတောင် သေချာနားမလည်ဘူးဆိုတာမျိုး ဖြစ်နေတာပေါ့နော်။ဒါကသမီးတို့ တင်မဟုတ်ပါဘူး။အဝေးသင်ပညာရေးတက်နေသူတိုင်းကြုံကြတာပါ။ကျောင်းပြီးလို့ဘွဲ့သာရတယ်။ ဒီဘွဲ့ယူ ပြီးဘွဲ့နဲ့ကိုက်ညီမယ့်အလုပ်ဆိုတာမရကြပါဘူး။ဘွဲ့နဲ့ကိုက်ညီတဲ့အလုပ်ရ ရ အောင်လည်းကိုယ်တိုင်ကမှဒီဘွဲ့ကို ပရိုဆန်ဆန်ရထားတာမဟုတ်ကြ ဘူးလေ။ ဒါအဖြစ်မှန်ပါ။ဒီလိုအခြေအနေတွေကိုပြင်ပေးစေချင်တယ်။အဝေးသင်ဆိုပေမယ့်လည်း ထိုက် သင့်တဲ့ပညာရပ်တစ်ခုကိုတတ်ကျွမ်းတဲ့အထိတော့ သင်ယူပြီးမှဘွဲ့ချီးမြှင့် မယ်ဆို ပိုကောင်းတာပေါ့။ဒါပေမဲ့ လည်း ဒီနိုင်ငံဒီပညာရေးစနစ်နဲ့က ဒီလိုအဝေးသင်တောင် စုံအောင်မ တက်နိုင်သူတွေရှိနေသေးတော့ လည်းအချိန်တွေပြန်ယူပြီး ပြုပြင် ရမယ်ထင်ပါတယ်။

မခြူးဟန်နီကျော် (ပြည်)

အဝေးသင်ဆိုတာစာတွေကို တစ်လတည်းနဲ့ အပိုင်ကျက်ပြီးဖြေရတာဆိုတော့အခက်အခဲတွေတော့ရှိတာပေါ့။ ဒါပေမဲ့အရည်အချင်းရှိတဲ့သူတွေရွေးထွက်သွားတယ်လို့တော့ မြင်မိတယ်။ Day ကကျတော့ အောင် ဖို့ကလွယ်တယ်လေ။ သုံးလလောက် တက်ပြီးမှကျက်မှတ်ပြီးဖြေရတာ။အဝေးသင်ကတော့ တစ်လတည်း ဆိုတော့ခက်မယ်လို့တော့ထင်တယ်။ပြီးတော့အဝေးသင်က ရန်ကုန် မေးခွန်းလို့လည်းပြောကြတယ်။

အောင်ဖို့အတွက်ကကြိုးစားမှရမှာ။ကျောင်းပြီးလို့အလုပ်လျှောက်ရင် တော့ Dayတွေကိုပိုခေါ်တယ်လို့ လည်း ပြောကြတယ်။Day ပေတွေက ပိုအားသာတယ်လို့တော့ပြော တယ်။ ဒါပေမဲ့ကိုယ်ကတော့အဲဒီလောက် ကြီးကွာမယ်လို့တော့မထင်ပါဘူး။ ပြီးတော့အဝေးသင်တွေဘွဲ့ရပြီဆိုက တည်းက တစ်လတည်းနဲ့စာတွေကိုကျက်မှတ်နိုင်တဲ့သူတွေဖြစ်လို့တော်တယ်လို့တော့မြင်မိတယ်။

မဆုမြတ်မွန် (မကွေး)

အဝေးသင် ပညာရေးစနစ်က ဘာပဲပြောပြောအတိုင်းအတာတစ်ခု ထိတော့ကောင်းတယ်လို့မြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့အပြင်မှာအ လုပ်လုပ်နိုင်တယ်လေ။ ပြီးတော့ ဘွဲ့လည်းရတယ်။ ဒါပေမဲ့ တစ်ဖက် ကကြည့်ရင်လည်း စာတွေကသိပ် မသင်ရဘူးလေ။အဲဒီတော့ဘွဲ့ရပေ မယ့် စာတွေကတော့အကုန်လုံးမ သင်လိုက်ရတဲ့အတွက်နစ်နာတာတွေ တော့ရှိတာပေါ့။တကယ်တမ်းဘွဲ့ရပြီး ရင်လည်းအဝေးသင်မှ Day မှဆိုပြီးသိပ်ပြီးခွဲခြားတာမျိုးတော့မတွေ့မိ ဘူးပေါ့။ အဓိကကတော့ လုပ်ငန်း ခွင်ကျွမ်းကျင်မှုပေါ့။ အလုပ်တွေက လည်း လုပ်ငန်းအတွေ့အကြုံ ဘယ်နှနှစ်ရှိမှဆိုတဲ့နေရာမျိုးတွေမှာတော့ အဝေးသင်တွေကသာတာပေါ့။အ ဝေးသင်ဖြစ်ဖြစ် Day ဖြစ်ဖြစ်ကိုယ် ဘက်ကကျွမ်းကျင်မှုဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်လို့ထင်တယ်။

မသိန်းသန်းစိုးစံငြိမ်း(မုံရွာ)

အဝေးသင်စနစ်ကမကောင်း ဘူးလို့တော့ထင်တယ်။ အပြင်မှာအလုပ်လုပ်လို့ရတယ်ဆိုပေမယ့် တကယ်တမ်းကျရင်တော့ စာမေးပွဲ ဖြေခါနီးမှ အနီးကပ်တက် ကျူရှင် တက်ပြီးသင်ရတာဆိုတော့သိပ်ပြီး တော့မကောင်းဘူးပေါ့။ အဲဒီတော့ စာအုပ်ထဲမှာပါတဲ့စာတွေအကုန်လုံးကိုမသိတော့ဘူးပေါ့။ဘွဲ့တော့ရ သွားတာပေါ့။အဝေးသင်တွေက အပြင်မှာ အလုပ်လုပ်နိုင်တဲ့အပြင် ကိုယ်ကြိုက်တဲ့သင်တန်းတွေလည်း တက်နိုင်တယ်ဆိုတော့အရမ်းအဆိုး ကြီးလဲမဟုတ်ဘူး။လုပ်ငန်းခွင်တွေမှာ တော့ Day နဲ့ အဝေးသင်သိပ်မကွာဘူးလို့ပဲမြင်ပါတယ်။အဓိကကသူတို့ကလုပ်ငန်းအတွေ့အကြုံနဲ့ကျွမ်းကျင် မှုကိုပဲ ကြည့်တာလေ။ ဒါပေမဲ့ အစိုးရအလုပ်တွေဆိုရင်တော့ Day တွေက ပိုသာတယ်ပြောကြတယ်။ဘာပဲပြောပြောကိုယ့်ဘက်ကကြိုးစား ရမှာပဲလေ။

ကိုဘုဏ်းမြတ် (မန္တလေး)

အဝေးသင်က မရှိမကောင်းရှိမကောင်းပညာရေးစနစ်လို့မြင်တယ်။ကျွန်တော်တို့ဆိုအလုပ်တစ်ဖက်နဲ့မို့အဆင်ပြေတယ်။အချိန်တန်ဘွဲ့ ရတာပေါ့နော်။ ဒါပေမဲ့ ဘာတတ် လာလဲမေးရင် ဘာမှတတ်မလာဘူး လို့ပဲဝန်ခံရမှာ။အဆိုင်းမန့်နှစ်ခါတင် ရတယ်။ဒါကလည်းကြည့်ကူးရေးရ တာဆိုတော့ ဘာမှကိုမသိလိုက်ဘူး လေ။အနီးကပ်သင်ပြီးစာမေးပွဲဖြေရတာဆိုတော့ဒီအနီးကပ်ဆယ်ရက် လောက်နဲ့တစ်တန်းတစ်တန်းအောင် လာတာဆိုတော့ အနှစ်မပါသလို ခံစားရပါတယ်။ဖြစ်နိုင်ရင် အဝေး သင်ဆိုပေမယ့်လည်း အွန်လိုင်းစနစ် လိုမျိုးပို့ချတာတွေနဲ့ဆိုရင်အဆင်ပြေမလားလို့ယူဆပါတယ်။ တစ်နှစ်ကို ဆယ်ရက်ကျောင်းတက်ပြီး လေးနှစ် ကြာဘွဲ့ရတယ်ဆိုတော့ ပြန်တွေး ကြည့်လေ ရက်လေးဆယ်အဆိုင်းမန့်ရှစ်ခုနဲ့ဘွဲတစ်ဘွဲ့ဆိုတော့ ကိုယ့် ဘာသာကိုယ်တက်သာတက်နေတာ ရယ်ချင်စရာကြီးလို့ မြင်မိတယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here