မင်းသမီး အီဗာမန်ဒက်စ် နဲ့ ရင်သွေးလေးရဦးမှာမို့ ပျော်နေတဲ့ ရိုင်ရန်ဂို့စလင်း

0
153

ဟောလိဝုဒ်သတင်းရပ်ကွက်က နောက်ဆုံးထွက် လာတဲ့ ကြည်နူးစရာ သတင်းတစ်ပုဒ်ကတော့ ပရိ သတ်တွေ အားပေးမှုအပြည့်အဝရရှိထားတဲ့ မင်းသမီးချော အီဗာမန်ဒက်စ်တစ်ယောက် အြွမာပူးကိုယ်ဝန် လွယ်ထားရတယ်ဆိုတဲ့ သတင်းပါ။ ခင်ပွန်းဖြစ်သူ ကနေဒီယန် သရုပ် ဆောင် အဆိုတော်ရိုင်ရန်ဂို့စလင်းကလည်း အပျော်လွန်ပြီး အိပ်မရဘူးလို့တောင် ပြောပါတယ်။ ရိုင်ရန်က . . .
“ကိုယ်ဝန်လွယ်ထားတာ ရင်သွေးလေး ၂ ယောက်ဆိုတာကတော့ သေချာပြီ။ ယောကျာ်းလေးတစ် ယောက်၊ မိန်းကလေးတစ်ယောက်ဆို ကောင်းမယ်”လို့ ဆိုပါတယ်။ ရိုင်ရန်က အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အီဗာက ၄၄ နှစ်ရှိပါပြီ။ လောကကြီးထဲဝင်လာ တော့မယ့် ရင်သွေးလေးတွေကို ကြိုဆိုပါတယ်လို့ မိဘနှစ်ဦးက OK!Magazine ကို ပြောပါတယ်။ မွေးလာမယ့် အြွမာလေးတွေရှေ့မှာ သမီးကြီး E Smeralal အသက် ၃ နှစ်နဲ့ သမီးလတ် Amada ၂ နှစ်အရွယ်သမီးလေး ၂ ဦးရှိထားပါတယ်။

Ref:Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here