ပေါ်ပြူလာ (၂၁) နှစ် ပြည့်မှာ ပြောချင်တဲ့ ဘဝအတွက် အရေးကြီးသော စကားလုံးများ

0
167

ပေါ်ပြူလာ (၂၁) နှစ်ပြည့် အတွက် အမှတ်တရ တစ်စုံတစ်ရာ ရေးပေးဖို့ ကိုညိုသစ်ငယ်က ပြော လာသည်။ သြော် …ပေါ်ပြူလာ (၂၁) နှစ်ကြီးတောင် ဖြတ်သန်းပြီးပါ ပကော။ ယနေ့ခေတ်က Online အွန်လိုင်း အင်တာနက်ခေတ်။ ယနေ့ ယခုအချိန်ယနေ့ခေတ်ကြီးမှာ ပုံနှိပ် မီဒီယာ တွေ တစ်တိုက်ပြီး တစ်တိုက်၊ တစ်စောင်ပြီး တစ်စောင်မီဒီယာ လောကကို လက်ပြနှုတ်ဆက်ခဲ့ ကြရသည်။ ခေတ်စနစ်ရေစီးကြောင်း နှင့်မအပ်စပ် တာတွေ ကျန်ရစ်ခဲ့ကြ သည်။

ရှင်သန်ရပ်တည်ခြင်းအတွက် စကားလေးတစ်လုံးကို သတိရမိ သည်။ အဲဒီစကားလုံးက (SURVIVE) ဆိုတဲ့စကားလုံးပါ။ ဘဝဆိုတာ တကယ်တော့တိုက်ပွဲပါ။ ခန္ဓာကိုယ် ကြီးပြီး အကောင်ကြီးတိုင်း လည်း ဥတု။ သဘာဝနှင့် ကိုက်ညီအောင် မနေနိုင်ရင် နောက်ဆုံးတော့ ဂေါ်ဇီ လာလည်း ကွယ်ပျောက်ရတာပါပဲ။

‘စလွိုက် (SURVIVE) ဆိုတာ ကို အဘိဓာန်က ဒီလိုဖွင့်သည်။ ”အ သက်ရှင်ပြီး ရပ်တည်ကျန်ရစ်နိုင်မှု” ဟု ဖွင့်သည်။ ဘယ်လောက ဘယ် နေရာမှာမဆို ကျွန်တော်တို့ ရှင်သန် ရပ်တည်နိုင်ဖို့ (SURVIVE) ဖြစ်ရ မည်။ ရှင်သန်ရပ်တည်နိုင်ဖို့ အပြင် လောကအလယ်မှာ တင့်တယ်ဖို့ မဖြစ်မနေ စူပါဖြစ်ချင်သူတွေ စူပါ မင်းရင်ဘတ်မှာ ရေးထားသည့် ”S” ကြီးကို မြင်ဖို့လိုသည်။
အောင်မြင်လိုသော သူသည် အောက်တွင်ဖော်ပြထားသည့် ”S” လေးလုံးကို ပိုင်နိုင်ဖို့လိုသည်။

၁. Skill (ကျွမ်းကျင်မှု)

မိမိ၏ဘဝရပ်တည်မှုအလုပ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင် ကို ပိုင်နိုင်ကျွမ်းကျင်ဖို့ လိုသည်။ ယနေ့ခေတ်မှာ ခေတ်နှင့်လျော်ညီ အောင်သင်တန်းတွေ တက်ကြရ သည်။ ဝပ်ရှော့တွေ ဝင်ကြရသည်။ ဆွေးနွေးပွဲတွေ တက်ကြရသည်။ နည်းပညာသစ် တွေကို မကျန်ရစ် အောင်စဉ်ဆက် မ ပြတ်လေ့လာနိုင်ပါမှ ကျွမ်းကျင်မှုက ရှင်သန် နေ မှာဖြစ်ပါသည်။

၂. Speed (လှုပ်ရှားမှုနှုန်း-အရှိန်)

တချိန်လုံးကတော့ ပြော ကြ သည်။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေး မလဲတဲ့။ ယနေ့ခေတ်မှာ သည်လို မျိုးနှင့် သွားနေရင် အောင် မြင်မှုဖြင့် လွဲလိမ့်မည်ဆိုတာ သိရ မည်။ အ ပြေးသန်သော်လည်း လမ်း တွင်အိပ် နေသည့် ယုန် (ယုန်နှင့်လိပ် ပုံပြင်ကို သတိရမိခြင်းပါ)က ပန်း မဝင်နိုင်ပါ။ အောင်မြင်မှုကို ခရီးရောက်မှု၊ လှုပ် ရှားမှုအရှိန်နှုန်းကတိုက်ရိုက် အချိုး ကျသည်ကို မမေ့သင့်ပါ။

၃. Strategy (မဟာဗျူဟာ)

လုပ်ငန်းတစ်ခုအောင်မြင်ဖို့ ဘဝတစ်ခုအောင်မြင်ဖို့ အရေးမှာ လောကနီတိ ကျွမ်းကျင်ဖို့လိုပါ သည်။ ကျမ်းစာများမြောင်- နီတိ အစောင်စောင်မှာ မဟာဗျူဟာတွေ ရှိပါသည်။ ထို့ကြောင့် မဟာဗျူဟာ နားလည်ကျွမ်းကျင်ဖို့ ကျွန်တော်တို့ စာဖတ်ကြရမည်။ စာကို ဖတ်ရုံသာ မဟုတ်။ ဖတ်ပြီးသော စာကို ပြန် လှန်စဉ်းစားရမည်။ စကားတစ်ခုရှိ သည်။ ‘ဖတ်၊ ကြံ၊ လုပ် အဟုတ် အောင် မြင်မည်’။
စာက ခေတ်ကို မီးမောင်းထိုး ပြမည်။ ခေတ်၊ စနစ်၊ မူ၊ လူတွေမြင် သောအခါ ထိုခေတ် စနစ်၊မူ၊လူတွေ နှင့်အပ်စပ်သော မူဝါဒမဟာဗျူဟာ က သင့်ဘဝကို ပိုမိုအောင်မြင်စေ မည်မှာ အမှန်ပင်ဖြစ်ပါသည်။

၎. Stamina (ခံနိုင်ရည်၊ သက်လုံ၊ဇွဲ)

ဘယ်လောက်ပင် ကျွမ်းကျင်သူ ဖြစ်ပါစေ၊ အလုပ်တစ်ခုကို မြန်နှုန်း မြင့်လုပ်နိုင်သူဖြစ်ပါစေ။ မဟာဗျူ ဟာတွေလည်း ကျွမ်းကျင်နိုင်နင်းသူ ဖြစ်ပါစေ။ Stamina လို့ခေါ်သည့် ခံနိုင်ရည်၊ သက်လုံ၊ ဇွဲမရှိပါက ပန်း တိုင် မရောက်နိုင်ပါ။

Ford ကား တီထွင်သူ မစ္စတာ ဖို့ဒ်က ပထမဦးဆုံး Ford ကားကို တီထွင်ဖို့ နှစ် ၂ဝ ကျော် ဇွဲနပဲနှင့် ကြိုးစားခဲ့ရသည်။

ယနေ့တရုတ်ပြည်၏ အလီဘာ ဘာသူဌေးကြီး ‘ဂျက်မား’သည်လည်း ဘဝ နိဒါန်းအစ ခရီးကကြမ်းလှသည်။ နှစ် ၂ဝ ထက် မနည်း ဇွဲနှင့်အားထုတ် ရုန်းကန်ပြီးမှ ‘အလီဘာဘာ’ဖြစ်လာ သည်။ Stamina က အရေး ကြီးသည်။ သက်လုံ၊ ဇွဲ၊ခံနိုင်ရည် မရှိသူကဘယ်လိုမှ ပန်းတိုင် မ ရောက်နိုင်ပါ။

ပေါ်ပြူလာ ၂၁ နှစ်ပြည့်မှာ ကျွန်တော့် နှလုံးသားမှာ ပေါ်လာ သော (S) စကားလုံးများမှ ခံစားမိ ခြင်းဖြစ်ပါသည်။

ဘဝအောင်ပန်းဆွတ်ခူးနိုင်ကြပါစေ

တက္ကသိုလ်စိုးမိုးနိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here