လူပြောများနေတဲ့ဆိုဖီယာရစ်ချီ ၁၉ နှစ် အသက် ၃၅ နှစ်အရွယ် နဲ့ စကော့ဒိုင်စစ် တို့ရဲ့ မာလီဘူးခရီး

0
90

အသက် ၃၅ နှစ်အရွယ် အမေရိကန် ရီရယ်လတီရုပ်သံ တင်ဆက်သူ စကော့ဒိုင်စစ်နဲ့ ဖက်ရှင်မော်ဒယ်လ်ဆိုဖီယာ ၁၉ နှစ်တို့နှစ်ဦး လော့စ်အိန်ဂျလိစ် အနောက်ပိုင်းမှာရှိတဲ့ မာလီ ဘူးအပန်းဖြေကမ်းခြေမှာ အတူတူလျှောက်လည်နေတဲ့ သ တင်းဓာတ်ပုံတွေ အင်တာနက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာတယ်။ “Hello” လို့ အမည်ရတဲ့ တေး သီချင်းကို သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် လိုင် နယ်ရစ်ချီရဲ့သမီးဖြစ်တဲ့ ဆိုဖီယာရစ်ချီဟာ နာ မည်ကြီးဖက်ရှင်မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး အသက် ၁၉ နှစ် သာရှိသေးသူပါ။ စကော့က တော့ အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်ပြီး အမေရိကန်တစ်ဝန်း အောင်မြင်နေတဲ့ ရုပ်သံ တင်ဆက်သူ ကုဒ်နေးကာဒစ်ရှန်ရဲ့ ခင်ပွန်း ဟောင်းပဲဖြစ်ပါတယ်။ သူတို့ ၂ ဦး ၂၀ဝ၆ ခုနှစ်ကစလို့ အတူနေ ချစ်သူတွေဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်အရောက်မှာ လမ်းခွဲခဲ့ကြကာ သားသမီး ၃ ယောက်မွေးဖွားထားခဲ့ ပါတယ်။

ဆိုဖီယာနဲ့ စကော့တို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကစပြီး တွဲခဲ့တာဖြစ်ပြီး အသက်အရွယ် ကွာခြား မှုကို ဝိုင်းပြီးဝေဖန်နေကြပေမယ့် ဆိုဖီ ယာက ဂရုမစိုက်ဘူးလို့ဆိုပါတယ်။ ဒီ ရက်ပိုင်းသူတို့စုံတွဲကို မာလီဘူးက ဂျပန် စားသောက်ဆိုင်အတွင်းမှာ ရိုက်ထား တဲ့ ဓာတ်ပုံတွေ အင်တာနက်စာမျက်နှာ မှာတွေ့ရပြီးနောက် ချီးမွမ်းသံတွေ သိပ် မကြားရဘဲ ဝိုင်းပြီး နှာခေါင်းရှုံ့တဲ့ အ ကြောင်းတွေသာ ကြားသိနေရပါတယ်။

Ref:mail online


LEAVE A REPLY

Please enter your comment!
Please enter your name here