ဆရာဝန် လူတော်လူကောင်းဖြစ်အောင် ကြိုးစားသွားမည့် အရာတော် တန့်ကြည့်မြေက ၆ ဘာသာ ဂုဏ်ထူးရှင် မောင်ဟိန်းမင်းသန့် နှင့် တွေ့ဆုံခြင်း

0
178

တစ်နေ့ကို ၇ နာရီကြာအောင် ကျောင်းစာတွေ လေ့လာကျက်မှတ် ခဲ့တဲ့ ပခုက္ကူမြို့နယ် အရာတော်ရွာ တန့်ကြည့်မြေက ဆယ်တန်းကျောင်း သားလေး မောင်ဟိန်းမင်းသန့် ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မှာ ၆ ဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။ အခုလိုထူးထူးချွန်ချွန်အောင်မြင်ခဲ့ပြီး ကျေးရွာဂုဏ်ဆောင်နိုင်ခဲ့တဲ့ မောင် ဟိန်းမင်းသန့်ကို အရာတော်ကျေးရွာ ပြည်သူများ အရာတော်ရေနံမြေ မိသားစုများက ဂုဏ်ပြုပွဲကို ဇွန်လ ၂ဝ ရက်နေ့ မနက်ပိုင်းက အရာတော် အမကကျောင်းမှာ ပြုလုပ်ကျင်းပခဲ့ ပါတယ်။ ေ

မာင်ဟိန်းမင်းသန့် ရမှတ်များ ကတော့ မြန်မာစာ-၇၅၊ ဇီဝဗေဒ-၉ဝ၊ ရူပဗေဒ-၈၅၊အင်္ဂလိပ်စာ-၇၅၊ သင်္ချာ -၈၆၊ ဓာတုဗေဒ-၈၆ ဖြစ်ပြီး စုစု ပေါင်း ၄၉၇ မှတ်ရရှိကြောင်း သိရှိရ ပါတယ်။ မောင်ဟိန်းမင်းသန့် ကျောင်းသင်ခန်းစာတွေ လေ့လာ ကျက်မှတ်ပုံနဲ့ ပတ်သက်ပြီး မေးမြန်း တဲ့အခါ

”မြန်မာစာမှာ ခက်ဆစ် အဓိပ္ပာယ်တွေကို တစ်လုံးချင်း နား လည်အောင် ကျက်မှတ်ပါတယ်။ မြန်မာစာကို ဝါသနာပါလို့ ကျောင်း ဆရာကြီးဦးတိုင်းအေး -ဦးစီးဖွင့် လှစ်ထားတဲ့ အရာတော်ရွာ အမြင် သစ်စာကြည့်တိုက်သွားပြီး အချိန်ရ ရင်ရသလို လေ့လာဖတ်ရှုပါတယ်။ ကဗျာတွေကို အခေါက်အခါခါ ဖတ်ပါတယ်။ စာစီစာကုံး စာအုပ်တွေ ဝယ်ယူပြီး ဖတ်မှတ်ပါတယ်။ အလွတ် ရေးပါတယ်။ အင်္ဂလိပ်စာကိုတော့ စာပိုဒ်ကြီးတွေ အလွတ်ရေးတယ်။ ဂရမ်မာကို နားလည်အောင် ကြိုးစား လေ့ကျင့်တယ်။ တစ်ပုဒ်ချင်းလည်း လေ့လာပါတယ်။ ဘိုင်အိုကျတော့ အဓိကအခန်းတွေ အမှားအမှန်တွေ ကွက်လပ်ဖြည့်တွေ ပိုင်နိုင်အောင် လေ့ကျင့်တယ်၊ ပုံဆွဲတယ်။ အခန်းစုံ ကျက်မှတ်ပါတယ်။ ဓာတုကိုလည်း ဘိုင်အိုလို ကျက်မှတ်ပါတယ်။ သင်္ချာ လည်း စနစ်တကျ လေ့လာတွက်ရှိပြီး အလွတ်ရရမယ့် ပုစ္ဆာတွေကိုလည်း အပိုင်လေ့ကျင့်ပါတယ်။ မေးခွန်း ဟောင်းတွေကို လေ့လာတဲ့အပြင် ကျောင်းက ဆရာတွေ သင်ပေးလိုက် တဲ့ တစ်နေ့စာ ကျက်မှတ်စရာတွေကို အပြန်ပြန် အလှန်လှန်ကျက်မှတ်ပြီး တစ်နေ့စာ ကြည့်ချိန်ကို ၇ နာရီ သတ်မှတ်ထားရှိပါတယ်”လို့ ကျောင်း သားကလေး မောင်ဟိန်းမင်းသန့်က ပြောပါတယ်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here