ပခုက္ကူမြို့နယ် ညောင်ကျစ်ပင်ဆရာတော်ဘဒ္ဒန္တဝါယာမ (သဒ္ဓမ္မဇောတိကဓဇ) ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် ရှင်ပြုနားသ မင်္ဂလာအလှူတော်ဆင်ယင် ကျင်းပ

0
180

ပခုက္ကူမြို့နယ် အမှတ် (၁၅) ရပ်ကွက် ဦးကြည်တောင်ကျောင်း တိုက်၊ ကမ္မမြို့အနီး ညောင်ကျစ်ပင် ရွာမဟာဗောဓိအောင်မြေဘုန်းတော် ကြီးသင် ပညာရေးကျောင်းတိုက် ပဓာနနာယက သဒ္ဓမ္မဇောတိက ဓဇ ဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တဝါယာမ ပခုက္ကူမြို့နယ်ဘ/က ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အား ထပ် ဆင့် ဂုဏ်ပြုပွဲကြီးနှင့် ရှင်ပြုနားသ ၁၃၅ ပါး အလှူတော်မင်္ဂလာပွဲကြီး ကို ဇွန်လ ၁၈ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ သည်။

ဇွန်လ ၁၄၊ ၁၅၊ ၁၆၊ ရက်နေ့ ညများတွင် ဓမ္မသဘင်ဆင်ယင်ကျင်း ပကာ ဇွန်လ ၁၇ ရက်နေ့က ပင့် သံဃာတော်အပါး ၁၅ဝ အား နေ့ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက် ကပ်ခြင်း ဇွန်လ ၁၈ ရက်နေ့က ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုခြင်း နှင့် တေးသံရှင် ပြုံးပန်းဝေအောင်၊ ခင်ဆုသျှင်၊ ကျောက်ပန်းတောင်း ရေ ကြည်ချမ်းမြ၊ ပခုက္ကူမြို့မှ စာရေး ဆရာမအသွင်ဆန်းတို့က တေးသံ သာများဖြင့် ဂုဏ်ပြုပူဇော်ခဲ့ကြ ကြောင်း သိရသည်။

”ဇွန်လ ၁၈ ရက်နေ့မှာ စစ် ထောက်ချုပ်မိသားစုတွေ အနယ်နယ် က အ လှူရှင်တွေ လာရောက်ပူဇော် ကြပါတယ်။ ပခုက္ကူမြို့နယ်က စာရေး ဆရာအသင်းလည်း ပါဝင်ပူဇော်တာ တွေ့ရှိရပါတယ်။ တော်တော်ကို စည် ကားတဲ့ပွဲပါပဲ”ဟု ဒေသခံတစ်ဦးက ပြောပါသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here