Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အဆိုတော် ရဲနောင်က လက်ရှိမှာ တစ်ကိုယ်တော် တေးစီးရီးထွက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ကိုယ်ပိုင်သီချင်းတွေ ပိုင်ဆိုင်ရတော့ မယ့် သူ့ရဲ့ခံစားချက်ကို တီးခေါက်ကြည့်မိတဲ့အခါ …
”အခုလက်ရှိကတော့ ကျွန်တော့်ရဲ့ တေးစီးရီးလေးကို သေချာလေးလုပ်နေပါတယ်။ ဒီနှစ်အတွင်းမှာ ထွက်ဖြစ် ဖို့ရှိပါတယ်။ တေးရေးတွေကတော့ အပြင်က ကျွန်တော့် သူငယ်ချင်းတွေ ရေးပေးထားတဲ့ သီချင်းတွေပါတယ်။ ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေကတော့ အနည်းဆုံး ရှစ်ပုဒ်လောက်တော့ ပါမှာပါ။ သူများသီချင်း ကို သီဆိုရတာကတော့ မပိုင်ဘဲ ဝက်မွေးရသလိုပဲပေါ့။ ကိုယ်ပိုင်သီချင်းတွေကျတော့ ကိုယ်ကြိုက်သလို လုပ်လို့ရ တာပေါ့” လို့ ပြောပြခဲ့ပါတယ်။
သူက ဖူဆယ်ဘောလုံး အားကစားကွင်းတစ်ခုကို လည်း ဖွင့်လှစ် ထားသူပါ။ ဖူဆယ်အားကစားကွင်းဖွင့်ဖြစ် ခဲ့တဲ့အကြောင်းကိုလည်း အဆိုတော်ရဲနောင်က အခုလို ပြောပြခဲ့ပါတယ်။
”ကျွန်တော်တို့မြို့မှာက ဘောလုံးကွင်းရှားတယ်။ကျွန်တော်ကလည်း ငယ်ငယ်လေးကတည်းက ဘောလုံး ကန်တာဝါသနာပါတယ်။ အဲဒါကြောင့် စီးပွားရေးအနေနဲ့ ရော ကိုယ်အားရင် ကန်ဖို့အတွက်ရော ဖူဆယ်ဘောလုံး ကွင်းလေးကို ဖွင့်ဖြစ်ခဲ့တာပါ။ ကိုယ်ရတဲ့ အနုပညာကြေး တွေစုပြီး ဖွင့်ခဲ့တာပါ။ အခုတော့ မုန်တိုင်းထိပြီး နည်း နည်းပျက်စီးသွားလို့ ပြန်ပြင်နေရပါတယ်။ ဘောလုံး အားကစားကတော့ ကိုယ်အရမ်းဝါသနာပါတဲ့ အားကစား ဖြစ်တဲ့အတွက် ဒီအလုပ်ကို ဆက်လုပ်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်၊
ဓာတ်ပုံ – အောင်ဇော်မင်း