Goblin 2 မှာ ထပ်မံပါဝင်ခွင့်ရရင် ပိုပြီးပျော်မိမယ် မင်းသား Gong Yoo

0
200

မင်းသား Gong Yoo ဟာ ဇွန် လ ၂၄ ရက်နေ့က ထိုင်ဝမ်နိုင်ငံကို Asus Zen Fone 5 ပရိုမိုးရှင်း အတွက် သွားရောက်ခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ဆို မင်းသားရဲ့ အသက် ၄၀ နှစ်ပြည့်မြောက်ပြီမို့ ပွဲစီစဉ်သူက မွေးနေ့အကြိုပွဲလေးကြိုတင်ပြင်ဆင်ခဲ့တာကြောင့် မင်းသားလည်း အရမ်း ကို ပျော်ရွှင်ခဲ့ရပါတယ်။ ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတောင်းခိုင်း တဲ့အချိန်မှာတော့ “အခုပွဲကို လာရောက်သူတွေအားလုံး ပျော်ရွှင် ကျန်းမာကြဖို့မျှော်လင့်ပါတယ်”လို့ ဆုတောင်းခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူက Goblin 2 မှာ ဆက်လက်ပါဝင်မှာလားလို့မေးတဲ့အချိန်မှာတော့ “ထုတ်လုပ်သူတွေက အခုထိ ဘာအစီအစဉ် မှ မရှိသေးဘူးထင်ပါတယ်။ ဒါပေမဲ့ သူတို့ Goblin 2 ရိုက်ကူးဖြစ်ရင်ကော ကျွန်တော့်ကို ကမ်းလှမ်းပါ့မလား”လို့ တင်ဆက်သူကို မင်းသားက ပြန်မေး ခဲ့ပါတယ်။ တင်ဆက်သူက “ဒါပေါ့၊ မင်းက အသင့်တော်ဆုံးပဲလေ” လို့ ပြောတဲ့အခါ မင်းသားကလည်း “ဒါဆို ဘာလို့မရိုက်ရမှာလဲ”လို့ ပြန် လည်ဖြေကြားခဲ့ပါတယ်။ မင်းသားကို မကြာခင် Goblin 2 မှာ မြင်ရဖို့ မျှော်လင့်မိပါတယ်။

မြန်မာနိုင်ငံမှာ ကော်ဖီချစ်သူ ဇာတ်ကားနဲ့ နာမည်ကြီးတဲ့ ဂုန်ယူးကို ၁၉၇၉ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က ဘူဆန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here