ရွှေမန်းဆီသို့သီချင်းသံကြားရင် အဘွားဒေါ်စိမ်းစိမ်း ကိုသတိရပါ

0
234

‘ရွှေမန်းဆီသို့’ သီချင်းနဲ့မန္တလေး ဆိုတာ ခွဲခြားမရပါဘူး။ မန္တလေးကို ချစ်ကြသူတိုင်း ဒီသီချင်းကို ချစ်မက် စွဲလမ်းခဲ့ကြ နားဆင်လို့မဝခဲ့ကြသူချည်း ပါပဲ။ ဒီသီချင်းရဲ့ အဆိုရှင်ကတော့ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်စိမ်းစိမ်း ပါ။ သူဟာအခုလက်ရှိမှာ ရန်ကုန် ပုလဲ မြို့သစ်က အနုပညာဆည်းဆာရိပ် ဘိုး ဘွားရိပ်သာမှာအေးချမ်းစွာနဲ့ နေထိုင် လျက်ရှိပါတယ်။ မန္တလေးကို မလွမ်း ဘူးလားလို့ မေးတဲ့အခါမှာတော့ သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေဝေ့ လာပြီး လွမ်းတာပေါ့လို့ တိုးတိုးလေး ပြောရှာပါတယ်။ အဘွားစိမ်းဟာ မန္တလေးမှာ ဆွေမျိုးတွေရှိပေမယ့် အမျိုးတွေကို ဒုက္ခမပေးချင်လို့ ရန်ကုန်က ဘိုးဘွားရိပ်သာမှာ တစ် ကိုယ်တည်းလာနေခဲ့တာပဲဖြစ်ပါတယ်။

ဇာတိမြေကို လွမ်းပေမယ့် လွမ်း စိတ်ကို တရားနဲ့သာ ဖြေနေသူပါ။

”ပြန်သွားစရာမှ မရှိတော့တာလေ။ ဆွေမျိုးတွေတော့ တစ်ဝမ်းကွဲတွေ ဘာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ကလည်း လုပ်လုပ်စားစားဆို တော့ ဒုက္ခမပေးချင်ဘူး။ ဒီဘိုးဘွား ရိပ်သာမှာ ဘာမှလိုလေသေး မရှိပါ ဘူး။ ဒီမှာပဲနေဖြစ်တာတောင် ကြာ ပြီ။ ဆွေတွေမျိုးတွေကမရှိတော့ တစ် ကောင်ကြွက်ပေါ့လေ။ အဲဒါလည်း အေးတာပါပဲလေ။ တရားကတော့ ဗောဓိရိပ်သာမှာ အားထုတ်ခဲ့တယ်။ နောက်ပိုင်းတော့ကိုယ့်ဘာသာကိုယ်ပဲ အချိန်ရှိသရွေ့ မှတ်ရတယ်”လို့ ဆွေးမြည့်တဲ့ မျက်ဝန်းတွေနဲ့ အဝေး ကိုကြည့်ရင်း အဘွားစိမ်းက ပြောပါ တယ်။

အဘွားစိမ်းက အသက်အရွယ် အရ ၈၇ နှစ်နားကပ်လာပြီဖြစ်တာ ကြောင့်လည်း အတိတ်က အကြောင်း အရာတွေကို အနည်းငယ်မေ့လို့နေ ပါပြီ။ တစ်ခါတလေမှာ သူ့အသက် ကိုတောင် သူဟာ မေ့တေ့တေ့ဖြစ် နေပါပြီ။ သို့ပေမယ့်လည်း သူ့အနား မှာ ရွှေမန်းဆီသို့သီချင်းကို ပြန်ဖွင့်ပြ တဲ့အခါမှာတော့ သူဟာ တိုးတိုးလေး ညည်းနေတာကို တွေ့ရပါတယ်။

ဂီတဟာ စိတ်ကိုနုပျိုစေတယ်ဆိုတာအမှန်ပါပဲ။ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ လှတော ဆရာတော်က အနီးကပ်ပြုစုစောင့် ရှောက်ပေးနေတဲ့အတွက် အဘွား စိမ်းအတွက် ကျန်းမာရေး၊ စားဝတ် နေရေးကအစ အဆင်ပြေပါတယ်။ ဂန္ထဝင်အဆိုတော်ကြီးတစ်ဦးရဲ့ ဘဝ ဟာ အနုပညာဆည်းဆာရိပ်အောက် မှာ တည်ငြိမ်အေးချမ်းလို့နေပါပြီ။ သူသိပ်ချစ်တဲ့ မန္တလေး၊ သူသိပ်ချစ် တဲ့ ဂီတ ဒါတွေအားလုံးကတော့ သူ့ နှလုံးသားထဲမှာ အမြဲရှိနေမှာပါပဲ။ ဒီအချိန်မှာတော့ အဘွားစိမ်းဟာ တရားဘာဝနာတွေ အားထုတ်ရင်း သူ့ရဲ့နေ့စဉ်ဘဝကို စိတ်အေးချမ်း သာစွာဖြတ်သန်းနေထိုင်နေလျှက်ရှိ နေပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here