လူပါးဝတဲ့ တစ္ဆေ

0
180

င့ါဘယ်ဘက်ရင်ခွင်မှာ
တစ္ဆေတစ်ကောင်ရှိနေတယ်။
တစ္ဆေက ဝင်ခဲ့သလား
တစ္ဆေကို ခေါ်ခဲ့သလား
ဘာမှမသိပေမယ့်
တစ္ဆေကတော့ ရှိနေတယ်။

တစ္ဆေအာဟာရပြည့်ဖို့ နေ့စဉ်ရက်ဆက်
မပျက်မကွက်
ပန်းသီးတွေကျွေးတယ်
ပျားရည်တွေတိုက်တယ်
ကြက်ဥကျွေးတယ်
နို့တိုက်တယ်
တစ္ဆေအင်အားကြီးထွားလာခဲ့

တစ္ဆေက အရင်ဆုံး မီးစလေးပြတယ်။
ပိုးစုန်းကြူးထင်ပြီး 
ငါဖမ်းဆုပ်ပစ်လိုက်တယ်။

နောက်ထပ် မီးဖိုလေးပြတယ်
ပန်းကလေးတစ်ပွင့်ထင်ပြီး
ငါ တက်နင်းပစ်ခဲ့တယ်

နောက်ထပ် မီးပုံကြီးပြတယ်
ရေအိုင်လေးထင်ပြီး
ငါကျော်ဖြတ်ပစ်လိုက်တယ်

နောက် နောက် နောက် နောက် . . .

တစ္ဆေက ဖမ်းချုပ်ခဲ့
လူ့အနားကွပ်
ပိုလီယိုသင့်နေတဲ့ င့ါအတွက်
မစင်တွေ အတင်းကျွေးခဲ့

ငါ့ဒဏ်ရာဟောင်းကို လက်ညွှန်ပြီး
တစ္ဆေက သွေးစိမ်းထွက်အောင် ခွဲပစ်ခဲ့

ငါ့ လှည်းဘီးအနက်ခြမ်းမှာ
တစ္ဆေက မည်းညစ်နေအောင်
ဆေးခြယ်ခဲ့

ငါ့ ရှေ့နောက် လမ်းဟောင်း
လမ်းသစ်တွေမှာ
တစ္ဆေက ငါးစာချပြီး
ယုန်ထောင်ကြောင်မိခဲ့
တစ္ဆေက လှည့်ဖြားတတ်လာတယ်
မာယာများလာတယ်
ပရိယာယ်တွေ ပိုလာတယ်။

ကြောက်စရာကောင်းတာထက်ပိုပြီး
တစ္ဆေဟာ ရွံရှာကြောက်မက်ဖွယ်
ကောင်းလာတယ်
ပိုကာဒေါင်းတမ်းတစ်ပွဲ
ကဒ်အကြောပေးတာ ငါရှုံးတယ်။

တစ်ပွဲပြီးတစ်ပွဲ
ကဒ်ကြောလေ ငါရှုံးလေ
မနောတွေ ပြိုကျပျက်စီး
တစ္ဆေပျော်နေတဲ့ ရက်တွေမှာ ငါငိုပြီး
ငါရယ်နေတဲ့ ရက်တွေမှာ
တစ္ဆေတိတ်ဆိတ်နေတတ်တယ်။

တစ္ဆေကို နှိမ်နင်းမရတော့ဘူး
တစ္ဆေ ရက်စက်ကြမ်းကြုတ်လွန်း . . .။

အောင်သင်းမိုး


LEAVE A REPLY

Please enter your comment!
Please enter your name here