အတိတ်ကာလကို တရားသဘောနဲ့ သုံးသပ်ပြသသွားတဲ့ ချိုပြုံး

0
286

တစ်ခေတ်တစ်ခါက နာမည်ကျော်အဆိုတော်ကြီး၊ နာမည်ကျော် မင်းသမီး စတဲ့ ဂုဏ်ပုဒ်တွေနဲ့ အနုပညာလောကမှာ တောက်ပခဲ့သူ။ သူမနာမည်ကတော့ ချိုပြုံး။ အမေချိုလို့ ချစ်စနိုးခေါ် ဝေါ်ကြတဲ့ ချိုပြုံးရဲ့ အသက်က …..

”အမေချိုက ၇၁နှစ်နဲ့ ၆လ ရှိပြီ။ ၇၂ ထဲမှာပေါ့” လို့သိရပါတယ်။ ချိုပြုံးရဲ့ အတိတ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဘာတွေရှိမလဲ။ သေချာတာကတော့ ချိုပြုံးလို့ဆိုလိုက်ရင် သူတို့ခေတ်မှာ ချောမောလှပတဲ့ မင်းသမီးတစ်လက်၊ ပြီးတော့ အသံကောင်းတဲ့အဆိုတော်တစ်ယောက်ဆိုတာ မလွဲပါ ဘူး။

‘အမေချိုအတိတ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်….ဆိုတဲ့မေးခွန်းလေး တစ်ခွန်းတည်းနဲ့တင် သူမက နားလည်သဘောပေါက်ပါတယ်။ ဆိုတော့ ချိုပြုံးပြန်လည်ဖြေကြားသွားတာက……

”အတိတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ တော်ရုံတန်ရုံလူဆိုလို့ရှိရင် တုန်လှုပ်ချောက်ချား စိတ်ပျက်သွားမှာပေါ့။ အမေချိုက ငယ်ငယ်တုန်းက တော်တော်လှတဲ့ မိန်းမပဲ။ ရုပ်ရှင်အားဖြင့်ကြည့်မလား။ အရပ်အမောင်း၊ အသားအရေ၊ ခြေသည်း၊ လက်သည်း၊ ဆံပင်၊ ပါးချိုင့်၊ အသံကောင်းတယ်။ အိုက် တင်ကောင်းတယ်။ သိပ်ရှားတဲ့ မိန်းကလေးပေါ့။ တော်တော်ရှားပါတယ်။ ဒါဟာ အမေချိုက ကြွားပြီးပြောတာ မဟုတ်ဘူး။ ဘုရားသခင်က အများကြီး ပေး လိုက်တာပါ။ ဒါပေမဲ့အခု ပြန်ကြည့်လိုက်။ အမေချိုက အဘွားကြီး ဖြစ်သွားပြီ။ အသားအရေဆိုရင် ပျော့တွဲတွဲဖြစ်သွားပြီ။ ပါးချိုင့်ဆိုတာလည်း ကံလေးကောင်းလို့ လှနေသေးတာ။ ဒီထက်ကံမကောင်းလို့ရှိရင် ပါးချိုင့်ကြီးက ပါးရေကြီးဖြစ်ပြီး တွန့်သွားတော့မှာ။ အဲဒါဟာ တရားပဲ။ အဲဒီတော့ အမေချိုက ဟိုးအတိတ်ကို မျှော်ကြည့်လိုက်ပြီးတော့ အခုကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက် ရင် တရားရတယ်။ သြော်….လောကမှာ ဒါပါပဲ။ အဲဒါကြောင့်မို့လို့ အရေပြားတစ်ထွာလောက်လေးကိုကြည့်ပြီးတော့ ဆုံးဖြတ်ပြီးမှားနေ တဲ့သူတွေကို အမေချိုက ငါ့ကိုကြည့်ဟေ့၊ ငါက တော်တော်ပြည့်စုံတဲ့မိန်းမ၊ ဒါပေမဲ့ တစ်နေ့တော့ ဒါပါပဲဆိုတာကို အမေချိုလည်းသိတယ်။ သူများလည်း သိစေချင်တယ်။ သိမှ တရားရမယ်။ တရားရမှလူ့ဘောင်မှာရှိနေတဲ့ အချိန် မှာလည်း လိုအပ်တာအကုန်လုံးကို လုပ်နိုင်မယ်၊ ပြုနိုင်မယ်၊ ရနိုင်မယ်၊ သေလွန်သွားတဲ့အခါမှာလည်း တရားလေးနဲ့သေနိုင်မယ်။ အဲဒါလေးကို လက်ဆောင်ပါးတာပေါ့” လို့ သူမက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here