ဘောလုံးကို ၀ါသနာပါပေမယ့် ကစားခွင့်မရခဲ့တဲ့ မင်ဟို

0
242

Shinee’s အဖွဲ့ဝင် မင်ဟိုတစ်ယောက် သူ့ရဲ့ အိပ်မက် အကြောင်းပရိသတ်တွေကို ပြောပြ ခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့က JTBC ရဲ့ အစီအစဉ် “Please Take Care of My Refrigerator” ရဲ့ 2018 Russia World Cup ကဏ္ဍမှာ ဘောလုံးနည်းပြ Choi Yong Soo နဲ့ မင်းသား Minho တို့ ပါဝင်ခဲ့ကြပါတယ်။

နည်းပြ Yong Soo ရဲ့ ညီအ ငယ်ဆုံးဟာ ကျောင်းတုန်းက သူ့ရဲ့ Gym နည်းပြ ဖြစ်ခဲ့တယ်လို့ မင်ဟို ကပြောခဲ့ပါတယ်။ တင်ဆက်သူက Minho ရဲ့ အကြောင်းတွေကို ညီအစ်ကိုချင်းပြောဖြစ်ခဲ့လားလို့ နည်းပြကို မေးမြန်းတဲ့အချိန်မှာတော့ မင် ဟိုက သိပ်ကိုတော်တဲ့ ဘောလုံး သမားပါ။ သူသာဘောလုံးကို ရွေး ချယ်ခဲ့မယ် ဆိုရင် အလွန်ကို ထူးချွန် တဲ့သူဖြစ် လာမှာပါလို့ သူ့ရဲ့ ညီက ပြောလေ့ရှိတယ်လို့ ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

မင်ဟိုဟာ ငယ်ငယ်တုန်းက ဘောလုံးကစားတာကို အလွန်ဝါသ နာပါခဲ့ပေမယ့် မိဘတွေက ပြင်း ပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဘာလို့ ဘောလုံးမကစားခိုင်းတာလဲ ဆိုတဲ့အကြောင်း သူ့အဖေကို မေး မြန်းခဲ့ချိန်မှာတော့ “မင်းဟာ Son Heung Min လောက် တော်ခဲ့ရင် ငါ့မင်းကိုခွင့်ပြုမှာပါ။ မင်းက သူ့ လောက်မတော်လို့ ငါခွင့်မပြုတာ”လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါကြောင့် ဘော လုံးကို စွန့်လွှတ်ခဲ့ရခြင်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here