ချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်းအတွက် အနုပညာရှင်တို့ရဲ့ ဂုဏ်ပြုစကားသံ

0
232

One Championship ကမ္ဘာ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်လာတဲ့ ဂျပန်ဖိုက်တာ Ken Hasegawa ကို ဇွန်လ ၂၉ ရက်နေ့၊ သုဝဏ္ဏမိုးလုံ လေလုံအားကစားကွင်းမှာ မြန်မာ့ စပါးအုံး အောင်လအန်ဆန်းက ယှဉ် ပြိုင်ထိုးသတ်နိုင်ခဲ့ပါတယ်။ ဇွန်လ ၂၇ ရက်နေ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ အိန္ဒိယရုပ်ရှင်ဇာတ်ကားတွေလို အရှည်ကြီး ထိုးပေးပါ့မယ်လို့ ရိုးရိုး သားသား၊ ပွင့်ပွင့်လင်းလင်းပြောပြ သွားတဲ့ အောင်လအန်ဆန်းက ပွဲချီ ၅ ချီ ထိုးသတ်အပြီးမှာတော့ အနိုင် ရရှိခဲ့ပါတယ်။ အနိုင်ရရှိပြီးတဲ့အချိန် မှာလည်း ကြည့်ရတာ ကောင်းလားလို့ အောင်လအန်ဆန်းက ပရိသတ်တွေ ဘက်ကို လှည့်ပြီး မေးမြန်းခဲ့ပါသေး တယ်။ ပရိသတ်တွေက ဟေးလို့ အော်ဟစ်အားပေးခဲ့ချိန်မှာတော့ အောင်လအနေနဲ့ ဝမ်းသာပီတိတွေ ဖြစ်ခဲ့ရပါတော့တယ်။

”ပထမဦးဆုံးပြောချင်တာက ကျွန်တော့်ကို ဝိုင်းဝန်းအားပေးပံ့ပိုးကြ တဲ့သူ အားလုံးကို ကျေးဇူးတင်ပါ တယ်။ အဲဒီအပြင် ဒီပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ပေးတဲ့ ကျွန် တော့်ရဲ့ Trainer အပါအဝင်အသင်း ဖော်တွေကိုလည်း ကျေးဇူးတင်ပါ တယ်။ ဒီနေ့ပွဲနဲ့အတူ အဓိကပြော ချင်တာက ကျွန်တော်တို့ အားလုံးစု စည်း ညီညွတ်ရင် ငြိမ်းချမ်းရေးအပါ အဝင် အရာအားလုံးကို ကျော်ဖြတ်အောင်မြင်နိုင်တယ်ဆိုတာပါပဲ။ ကျွန် တော့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆို တဲ့နေရာအတွက် ဆာလောင်နေဆဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုကတော့ အစပဲရှိပါသေးတယ်”လို့ အောင်လ အန်ဆန်းက သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာ ကနေ ပွဲအပြီးမှာရေးသားခဲ့ပါတယ်။

အောင်လဟာ ချန်ပီယံဆုကို မြန်မာ့မြေမှာပဲ ဆက်ထားပေးမယ် ဆိုတဲ့ပွဲမတိုင်ခင်သူပြောခဲ့တဲ့ စကား အတိုင်း ပြိုင်ဘက်ကို ငါးချီအထိ အ ကြိတ်အနယ်ထိုးသတ်ခဲ့ပြီးနောက် မှာတော့ ဂျပန်လူမျိုး စိန်ခေါ်သူ ခန်ဟစဲ့ဂါဝါကို အနိုင်ယူထိုးသတ် နိုင်ခဲ့ပါတယ်။

”အောင်​လ တစ်ချက်​ထိုးခံရ တိုင်းနှလုံးသားမှာ နာကျင်​ရတယ်​။အနာခံချန်​ပီယံ မြန်​မာကို ကမ္ဘာသိ​အောင်​လုပ်​နိုင်​တဲ့ အောင်လလိုလူ ကို​လေးစားဂုဏ်​ပြုပါတယ်”လို့ စံပြ သဘင်မှ မင်းသားကြီး ဦးမိုးဝင်းက အောင်လအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ အောင်လအန်ဆန်း ရဲ့ပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ပွဲအတွက် လည်း အားလုံးက ဂုဏ်ယူဝမ်းမြောက် ခဲ့ကြရပါတယ်။

”ကိုအောင်လရဲ့ မြန်မာပြည် သူတွေကို ပွဲကြာကြာ ကြည့်စေချင်တဲ့ စေတနာတွေပါ။ တမင်အနာခံပြီး ပွဲ ဆန့်ပေးနေသလိုပါပဲ။ ချန်ပီယံ အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ သရုပ်ဆောင် စည်သူမောင်က ပြောပါတယ်။ အောင်လအန်ဆန်းရဲ့ ပွဲကိုတော့ အနုပညာရှင်တွေကလည်း ကွင်းထဲအထိ သွားရောက်အားပေး ခဲ့ကြပါတယ်။ သွားရောက်ကြည့်ရှုခဲ့ကြတဲ့အနုပညာရှင်တွေထဲမှာ စန္ဒီမြင့် လွင်ကလည်း ပွဲကိုကြည့်ပြီး ရင်တွေ တောင်တုန်တယ်လို့ ပြောပါတယ်။ ဇွန် ၂၉ ရက်နေ့က ကျင်းပတဲ့ Onechampionship ပြိုင်ပွဲမှာ အောင်လအန်ဆန်းရဲ့ ချန်ပီယံ ကာကွယ်ပွဲ အပါအဝင်တွဲဆိုင်း စုစု ပေါင်းဆယ်ပွဲ ထိုးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – ကောင်းစွမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here