ငွေကြေး လောဘနည်းပြီး နေ့စဉ် ဘဝကို တရားနဲ့သာ ဖြတ်သန်းနေသူ မင်းသားကြီး ဦးတင်ထွန်း

0
254

အနုပညာဆည်းဆာရိပ်ဘိုး ဘွားရိပ်သာမှာ ရောက်ရှိနေတဲ့ အနုပညာရှင် ကြီးတွေထဲမှာ သရုပ် ဆောင်မင်းသားကြီး ဦးတင်ထွန်း လည်း ပါဝင်ပါတယ်။ အခုဆိုရင် မင်းသားကြီး ဦးတင်ထွန်းက အသက် အားဖြင့် ၇၅နှစ်ရှိခဲ့ပြီဖြစ်ပြီး ကျန်းမာရေးက ကောင်းမွန်လျက်ရှိပါ တယ်။ သူကတော့ မင်းသမီးကြီး ကြည်ကြည်ဌေး၊ မြင့်မြင့်ခင်၊ ဝါဝါဝင်းရွှေ၊ စံရှားတင်တို့နဲ့အတူ ရိုက်ကူးခဲ့တဲ့ မင်းသားကြီးတစ်ဦးပါ။ အခုခေတ်အထိလည်း အဖေခန်းတွေမှာ ပါဝင် ရိုက်ကူးခဲ့ပါသေးတယ်။ သူဟာအနုပညာနဲ့ ပတ်သက်ပြီး လိုဘကြီးပေမယ့် ငွေကြေးအားဖြင့်တော့ သိပ်ကိုလိုဘနည်းသူပါ။

“ဇာတ်ကားတစ်ကားမှာ တစ်ခန်းပဲပါရမယ်လို့ပြောတယ်။ အဲဒါဘယ် လောက်ပေးရမလဲလို့ ဘဘကိုလာမေးတယ်။ သူတို့က ၅ သောင်းလောက်ပေးမယ် လို့ မှန်းထားတာပေါ့လေ။ ဒါပေမဲ့ ဘဘက တော့ ၁သောင်းပဲပေးပါကွာဆိုပြီး ပြောလိုက်တယ်။ ဘဘကပိုက်ဆံ တွေဘာတွေလည်းမတောင်းတတ်ဘူးလေ”လို့ အနုပညာကြေးထက် သရုပ်ဆောင်အပေါ်သာ အဓိကထား ဖြတ်သန်းခဲ့ပုံ အကြောင်းကို မင်းသားကြီး ဦးတင်ထွန်းကပြုံးရင်း ပြောပြပါတယ်။

သူဟာသရုပ်ဆောင်လောကထဲကိုတော့ ၁၇နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ဇာတ်ကားတိုင်းမှာ မင်းသားတစ်ဦးအနေနဲ့ပဲ ပါဝင် သရုပ်ဆောင်ခဲ့ရတာချည်းပါပဲ။ အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့ ပြည်ပ နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ထိုင်း၊ တရုတ်နိုင်ငံတွေကိုလည်း ရောက် ရှိခဲ့သူဖြစ်ပါ သေးတယ်။ မင်းသားကြီး ဦးတင်ထွန်းမှာ မိသားစုအနေနဲ့ကတော့ သား၎ ယောက်၊သမီး၃ ယောက်ရှိပြီး မြေးတွေ၊မြစ်တွေလည်း ရှိနေပြီဖြစ်ပါတယ်။ ဒီလိုရှိပေမယ့်လည်း သူကတော့ သားသမီး မြေးမြစ်တွေကို သံယော ဇဉ်ဖြတ် ပြီး အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်မှာပဲ နေထိုင်ခဲ့ပါတယ်။

“အကုန်လုံးကောင်းကောင်းနေကြပေါ့လေ။ ကောင်းကောင်းနေရင် ငါရှိတယ်။ ကောင်းကောင်းမနေကြ ရင်ငါမရှိတော့ဘူးလို့သာမှတ်ကြ တော့လို့ပြောထားတယ်။လိုအပ်တာ တွေလည်းလာပို့ပါတယ်။ ဘိုးဘွားရိပ်သာကို စားစရာမရှိလို့လာနေ တာတော့မဟုတ်ဘူး။ နင်တို့ပေးချင် ပေးမပေးချင်နေပါပဲ။ အဲဒါနဲ့ သံယောဇဉ် ဖြတ်ပြီး လာနေလိုက် တာ” လို့ မိသားစုနဲ့ပတ်သက်ပြီး မင်းသားကြီး ဦးတင်ထွန်းက ပြောပြပါတယ်။ သူဟာဘဝ သက်တမ်း တစ်လျှောက်မှာ အရက်သေစာတွေသောက် စားခဲ့ခြင်းမရှိခဲ့ဘဲ ဘဝကို ကောင်းမွန်စွာဖြတ်သန်းခဲ့တဲ့ သူတစ် ယောက်လို့လည်း ဆိုပါတယ်။ မင်းသားကြီး ဦးတင်ထွန်းဟာ လူသားဘဝရဲ့ အရွယ်သုံးပါးမှာ တတိယအရွယ်ကိုရောက်ရှိနေပြီဖြစ်ရာ အနုပညာဆည်းဆာရိပ်မှာလည်း နေ့စဉ် တိုင်းလိုလိုပင် စိတ်အေးချမ်းမှုတွေနဲ့အတူ တရားရှုမှတ်ရင်း ဘဝကို အေးငြိမ်း စွာဖြတ်သန်းနေပါတော့တယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here