ပရိသတ်အကြိုက် ငါးကိုယ်ခွဲဇာတ်လမ်းတွဲလေးကို ပုံဖော်ခဲ့တဲ့ ဖြူဖြူထွေး

0
242

ကျောင်းကပွဲတစ်ခုကနေ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိ ခဲ့တဲ့ ဖြူဖြူထွေးဟာ လတ်တလောမှာတော့ ကမ်းလှမ်းလာတဲ့ ကြော်ငြာ လေးတွေကိုပဲ ရိုက်ကူးဖြစ်နေတယ် လို့ သိရပါတယ်။ ဟာသဗီဒီယိုဖိုင် တွေကိုတော့ သူမရဲ့ ဖေ့စ်ဘုတ်ခ်စာ မျက်နှာပေါ်မှာ သူမရဲ့ ပရိသတ်တွေ အတွက် တင်ဆက်ပေးလေ့ရှိပါတယ်။ အခုချိန်မှာတော့ ဟာသဗီဒီယိုဖိုင် မဟုတ်ဘဲ ကိုယ်တိုင်ဖန်တီးထားတဲ့ “သဝန်တိုတာ ချစ်လို့ပါ” ဆိုတဲ့ ဇာတ် လမ်းတိုလေးတွေကို တင်ဆက်ပေးလျက် ရှိပါတယ်။ “သဝန်တိုတာ ချစ် လို့ပါ” ဆိုတဲ့ ဇာတ်လမ်းတိုထဲမှာ ကိုယ်ခွဲသရုပ်ဆောင်ထားရပြီး သရုပ် ဆောင်တဲ့ အခါမှာလည်း အခက်အခဲတွေ အများကြီးရှိကြောင်းကို ဖြူဖြူ ထွေးက…

“ညီမက အစကတည်းက ဟာသဗီဒီယိုဖိုင်၊ အကဗီဒီယိုဖိုင်တွေ ကို ဖေ့စ်ဘုတ်ခ် ပေါ်တင်ပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့တဲ့အတွက် ပရိသတ်အားပေးမှုကို ရရှိနေတာပါ။ အခုဒီရက်ပိုင်းတွေမှာလည်း ကမ်း လှမ်းထားတဲ့ ကြော်ငြာတွေ ရိုက်လိုက်၊ MTV လေးတွေ ရိုက်လိုက်နဲ့ အကဗီဒီယိုဖိုင်ဘက်ကို မလှည့်နိုင် ဘူးဖြစ်နေတယ်။ အဲဒီအချိန်မှာ ညီမ နယ်ကို သီချင်းသွားဆိုတာ တော် တော်ကြာသွားတယ် ၁ လ၊ ၂ လ လောက် ကြာသွားတော့ ပရိသတ် တွေနဲ့ အဆက်ပြတ်နေသလိုဖြစ်နေတာပေါ့။

အဲဒီအချိန်မှာ ပရိသတ် တွေက ဗီဒီယိုဖိုင်တွေတင်ပေးပါဦးဆိုပြီး တောင်းဆိုကြတယ်။ နယ်မှာ ကျတော့ ကင်မရာတွေ ရိုက်စရာမရှိတော့ အဆင်မပြေဘူးလေ။ အဆင် မပြေတာနဲ့ ရန်ကုန်ကို ဟိုတစ်နေ့က ရောက်တော့မှ ချက်ချင်းပဲရိုက်လိုက် တယ်။ အရင်ကလို အကဗီဒီယိုဖိုင် မဟုတ်တော့ဘဲ ငါးကိုယ်ခွဲဇာတ်လမ်း တိုလေး ရိုက်လိုက်တယ်။ နာမည်က ကျတော့ “သဝန်တိုတာ ချစ်လို့ပါ” ဆို တဲ့ အဲဒီဇာတ်လမ်းတိုလေးကို အပိုင်း ပိုင်းဆီနဲ့ ညီမရဲ့ ဖေ့စ်ဘုတ်ခ်အကောင့် ကနေ ပရိသတ်တွေအတွက် တင်ပေးလိုက်တယ်။

အခုညီမပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ ငါးကိုယ်ခွဲပြီးသရုပ် ဆောင်ထားတာတွေကို ပရိသတ်က ကြိုက်တယ်လို့ဆိုတဲ့အတွက် ရိုက်ဖြစ် သွားတာပါ။ ပြီးတော့ ငါးကိုယ်ခွဲ ရိုက်တာကလည်း မလွယ်ဘူး ရိုက်ခါနီး ဆိုတော်တော် အချိန်ယူရတယ်။ အဝတ်အစားချိန်းတာတို့၊ ရုပ်တူအောင် လုပ်ဖို့ တို့ကတော်တော် လုပ်ရတယ်။ အခက်အခဲတွေတော့ အများကြီးပါပဲ။ ဒါပေမဲ့ပရိသတ် ကြီးသဘောကျ မယ်လို့ ယုံကြည်ပါတယ်”လို့ ဖြူဖြူထွေး ကပြောပါတယ်။

ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပရိသတ် ကို တောင်းပန်ချင်တာလေး လည်းရှိတဲ့ အကြောင်းဖြူဖြူထွေးက”အဲ ဒီမှာအမှား အယွင်းတွေ လည်း ရှိတယ်။ ဘာဖြစ်လို့ လဲဆို တော့ကိုယ်က ချက်ချင်း ဗီဒီယိုကိုရိုက်ပြီး တန်းတင်လိုက်တဲ့ အတွက် ငါးကိုယ်ခွဲမှာက မိန်းကလေး လည်းပါတယ်။ ယောကျာ်း လေးလည်း ပါတယ်။ ကာရိုက် တာမျိုးစုံကို သရုပ်ဆောင်ရတဲ့ အခါကျတော့ ယောကျာ်းလေး ရိုက်တဲ့ အခန်းဆိုလက်သည်း နီတွေမဖြတ်ထားမိဘူး။ ရိုက်ကူး ရေး လုပ်နေတဲ့အချိန် အဲဒါတွေ ပါ သွားတဲ့အတွက် ပရိသတ် ကြီးကို တောင်းပန်ပါတယ်။ ပြီးတော့ ပရိသတ်တွေက ညီမဗီဒီယို ဖိုင်တွေပါတင်ရင် သူတို့ ပိုကြိုက်တာက ရှေး တုန်းက ပြဇာတ်လေးတွေကို ပိုကြိုက်တယ်။ အခုခေတ် ဆန်တာ၊ ပြီးတော့သမီး ကတာ ကိုသိပ်မကြိုက်ကြဘူး။ ကတာ တော့ကပေါ့။ ဒါပေမဲ့ အများကြီး မကနဲ့ဆိုပြီးပြောကြတယ်” လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here