ကယ်တင်ရှင်

0
140

တစ်ခါက အင်မတန်ကြည်လင်တဲ့ မြစ်ကြီးတစ်စင်းရဲ့ ကြမ်းပြင် တစ်လျှောက်မှာ ရွာတည်နေကြတဲ့ သတ္တဝါတွေရှိကြသတဲ့။

မြစ်ရေစီးကြောင်းကတော့ ငယ်သူ ကြီးသူ၊ ချမ်းသာသူ ဆင်းရဲသူ၊ ဆိုးသူ ကောင်းသူ အားလုံးပေါ်ကနေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖြတ်သန်းစီး ဆင်းနေတာပါပဲ။ မြစ်ရေစီးကြောင်း ဟာ သူ့ရဲ့ပင်ကို ကြည်လင်မှုသဘာဝနဲ့ သူ့လမ်းသူ သွားနေတာပဲလေ။ မြစ် ကြမ်းပြင်က သတ္တဝါတိုင်းဟာ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ကိုယ်ပဲ မြစ်ကြမ်း ပြင်က ကျောက်တုံး ကျောက်ခက်တွေ မှာ မြဲမြဲခိုင်ခိုင်တွယ်ကပ်နေကြတာပဲ။ အဲဒီလို တွယ်ကပ်နေရတာကိုက သူတို့ရဲ့ ဘဝလမ်းကြောင်းပဲလေ။ ပြီး တော့ မြစ်ရေစီးကြောင်းကို ကြံ့ကြံ့ခံ နေဖို့ဆိုတာကလည်း သူတို့မွေးကတည်း က တတ်မြောက်လာခဲ့ပြီးသားပဲ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သတ္တဝါတစ်ကောင်က ”တွယ်ကပ်နေ ရတာ ကျုပ်တော့ပင်ပန်းလှပြီ။ ကျုပ် မျက်စိနဲ့ တပ်အပ်မမြင်နိုင်တာတောင် မှ ဟောဒီမြစ်ရေစီးကြောင်းကို ကျုပ် ယုံကြည်တယ်။ ကျုပ်သွားတော့မယ်။ မြစ်ရေစီးကြောင်းသွားတဲ့အတိုင်း ပါ သွားပါစေတော့။ တွယ်ကပ်နေရတာ နဲ့တော့ ကျုပ်ပျင်းလွန်းလို့ သေသွား လိမ့်မယ်”လို့ပြောတော့တယ်။

တခြားသတ္တဝါတွေကတော့ သူ ပြောတာကို ရယ်မောကြပြီး ”အရူးပဲ။ သွားပေါ့။ မင်းယုံကြည်ကိုးကွယ်တဲ့ ရေစီးကြောင်းက မင်းကိုကျွမ်းထိုး မှောက်ခုံဖြစ်အောင် ကျောက်တုံးတွေ ပေါ်ပစ်ပေါက်လို့ ပျင်းလို့သေမှာ ထက်ပိုပြီး မြန်မြန်သေမှာ” လို့ဝိုင်း ဝန်းပြောကြတယ်။ ဒါပေမဲ့ သူတို့ ပြောကြတာတွေကို ဟိုသတ္တဝါက တော့ အရေးကိုမစိုက်ပါဘူး။ အ သက်ဝ တစ်ချက်ရှူလိုက်ပြီးတဲ့နောက် ရေစီးကြောင်းက ကျွမ်းထိုးမှောက် ခုံဖြစ် အောင်ကျောက်တုံးတွေပေါ်ပစ် ပေါက်လည်းပေါက်ပါစေဆိုပြီးသူဟာ တွယ်ကပ်ထားတာကို လွှတ်ပြီး ရေစီး ကြောင်းနဲ့ တစ်ခါတည်းလိုက်သွား တော့ တာပဲ။

ရေစီးကြောင်းထဲရောက် သွား တာနဲ့တပြိုင်နက် ရေစီးကြောင်းက သူ့ကိုမြစ်ကြမ်းပြင်ကနေ လွတ်လွတ် ကျွတ်ကျွတ်ဖြစ်သွားအောင် အပေါ် ကို ပင့်မပေးလိုက်တာကြောင့် နည်း နည်းပါးပါးပွန်းပဲ့တာထက်ပိုပြီး မနာ လှပါဘူး။ အဲဒီနောက်မှာတော့ မြစ် ကြေပိုင်းက သတ္တဝါတွေဟာ သူစိမ်း ဖြစ်နေတဲ့သူ့ကိုမြင်ပြီး ”အံ့သြစရာ တစ်ခုပဲဟေ့။ တို့လိုသတ္တဝါတစ်ကောင် က ပျံသန်းပြီး လာနေတယ်။ ငါတို့ အားလုံးကို ကယ်တင်ဖို့လာနေတဲ့ ကယ်တင်ရှင်ကိုကြည့်ကြစမ်း”လို့ အော်ကြဟစ်ကြတော့တာပဲ။

”ကျုပ်ဟာ ခင်ဗျားတို့နဲ့ ဘာ မှမထူးသလို ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ ကျုပ်တို့ တွယ်ကပ် နေတာကို ရဲရဲရင့်ရင့်ခွာရဲရင် ကျုပ် တို့ လွတ်မြောက်အောင် မြစ်ကပျော် ပျော်ကြီး ပင့်တင်ပေးပါတယ်။ ဒါဟာ ကျုပ်တို့ခရီးရှည်ထွက်တဲ့ သဘောပါ ပဲ။ စွန့်စားခန်းပါပဲ”လို့ ရေစီးကြောင်း နဲ့ပါလာတဲ့ သတ္တဝါကပြောလိုက်ပါ တယ်။

ဒါပေမဲ့ ဟိုသတ္တဝါတွေကတော့ ကျောက်တုံးတွေမှာ တွယ်ကပ်မြဲတွယ် ကပ်နေရင်းကပဲ ”ကယ်တင်ရှင်” လို့ ပိုပြီးအသံ ကျယ်ကျယ်အော်ကြတော့ တာပဲ။ အော်ပြီးလို့ သူ့ကိုပြန်ကြည့် လိုက်တဲ့အခါမှာတော့ သူကမရှိ တော့ပါဘူး။ တွယ်ကပ်နေကြတဲ့ သတ္တဝါတွေဆီမှာတော့ သူတို့ချည်း ပဲကျန်ရစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်ကနေ ‘ကယ်တင်ရှင်’ တစ်ပါးရဲ့ဒဏ္ဍာရီ တွေ ဖြစ်လာတော့တာပါပဲ။

ဟက်ကာ

မှတ်ချက် -Richard Bach ၏ Illusions ဝတ္ထုစာအုပ်မှ ကောက်နုတ်မြန်မာပြန်ပါသည်


LEAVE A REPLY

Please enter your comment!
Please enter your name here