သားနဲ့သမီးအတွက် ဂီတကို စွန့်လွှတ်ခဲ့တဲ့ အဆိုတော်အိအိ

0
213

လတ်တလောမှာတော့ အဆိုတော်အိအိ၊ ဇာလီနိုင်၊  သီရိကို ကိုတို့ ၃ယောက်က မြားသုံးစင်းဆိုပြီး တေးစီးရီး တစ်ခွေထွက်ရှိခဲ့ပါတယ်။ ဒီ၃ယောက်စလုံးက ပရိသတ်တွေ ကြားထဲ မှာ ပျောက်နေခဲ့တာ အတော်ကြာပြီလည်းဖြစ်ပါတယ်။ အဆိုတော် အိအိဆိုရင် ဂီတနဲ့အ ဆက်ပြတ်ခဲ့တာ၂၃နှစ်တောင်ကြာ မြင့်ခဲ့ပါပြီ။ ဂီတကိုမလုပ်ကိုင်ဖြစ်ခဲ့တာကလည်း သားနဲ့သမီးကိုပြုစု စောင့် ရှောက်ဖို့အတွက် အချိန်ပေးချင်တာကြောင့်ရယ်လို့ သူကပြောပါ တယ်။

“အစ်မက အိမ်ထောင်ကျပြီးပြီး ချင်း ကလေးတန်းယူဖြစ် တယ်။ အစ်ကလည်းကိုယ့်ကလေးကို ကိုယ် ကိုယ်တိုင် ပြုစုစောင့် ရှောက်ချင်တာလေ။ သက်ဦးအရူးပေါ့။ အဲဒီတော့ သားနဲ့ပဲ အချိန် ကုန်ဖြစ်တယ်။ အဲဒါနဲ့အမျိုးသားက သင်္ဘော ကနေပြန်လာ တော့ လည်း နောက်ထပ်ကလေးတစ်ယောက် ထပ်ယူ ဖြစ်တယ်။ကလေး နှစ်ယောက်နဲ့ဆို တော့ မအားတော့ဘူး။ အဲဒါနဲ့ပဲဂီတကိုမလုပ်ဖြစ်တော့ဘူး”လို့ အဆို တော် အိအိကပြောပါတယ်။ ဂီတနဲ့ ကင်းကွာ နေတဲ့ ၂၃နှစ်တာကာလအ တွင်းမှာလည်း သူ့အနေနဲ့သီချင်း ဆိုချင် စိတ်တွေဖြစ်ပေါ်လာတာမျိုး မရှိခဲ့ဘူးလို့ ဆိုပြန်ပါတယ်။ အိမ် ထောင် သည်တစ်ယောက်ရဲ့တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်ကို ယူရတာ ကို ပျော်ရွှင်နေခဲ့တာဖြစ်တဲ့ အတွက် အကြောင်းကြောင်းကြောင့် မဆိုရ ပေမယ့်လည်း စိတ်ထဲမခံစားရ ဘူးလို့ပြောပါတယ်။

“တစ်ခါပဲငိုဖူးတယ်။ အဲဒါက ဖြိုးပြည့်စုံက သူ့ဘဝကို ဘယ်လိုဖြတ် သန်းခဲ့ရလဲဆိုတဲ့ အင်တာဗျူးကိုနားထောင်မိရင်းငိုတယ်။ ငါဟာ ငါ့ဘဝကြီးကိုရင်းပြီး နင်တို့ကိုပြုစုစောင့် ရှောက်ခဲ့တာ။ အဲဒီတော့နင်တို့တွေလည်း ဝါသနာပါတာကိုရူးသွပ် ပေါ့။ အောင်မြင် အောင်လုပ်ပေါ့။ ရေပေါ်ဆီလုပ်တာမျိုးကိုမကြိုက်ဘူး။ ကိုယ်ဝါသနာ ပါတာလုပ်လို့ ပြောထားတယ်” လို့ သူ့ရဲ့ခံစားချက်နဲ့ ပတ်သက်ပြီး အဆိုတော်အိအိကပြောပါတယ်။ သီချင်းတွေပြန်သီဆိုတဲ့ အချိန် မှာတော့ ခေတ်ကာလရဲ့ ကွာခြားမှုတွေနဲ့အတူ အရာအားလုံးကပြောင်း လဲသွားခဲ့ပါပြီ။ သူတို့ ခေတ်တုန်းကတော့ အဆိုတော်ဆိုတာ တအား ရှားပြီး အောင်မြင်နေတဲ့ အဆိုတော်ဆိုတာ ရေတွက်လို့ရသလို အဆို ပြိုင်ပွဲတွေလည်းမရှိခဲ့ဘူးလို့ သူကပြောပါတယ်။

လက်ရှိမှာ Myanmar Idol Season 3 ပြိုင်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ချမ်းမြေ့မောင်ချိုက အဆိုတော် အိအိရဲ့ သမီးလည်းဖြစ် ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here