ဆိုက်ကား ဆရာဖြစ်ခဲ့ရင်လည်း ဆိုက်ကားကို အကောင်းဆုံးနင်းပြမှာပါလို့ ကာရိုက်တာနဲ့ပတ်သက်ပြီး ပြောပြတဲ့ ရွှေထူး

0
257

ရွှေထူးနဲ့ ဂီတကတော့ သိပ်စိမ်းလှတယ်မဟုတ်ပါဘူး။ အခုလည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးနေ ပေမယ့် သီချင်းအသစ်တွေ အများကြီးဖန်တီးထား ကြောင်း သူက ပြောပါတယ်။ အခုတလောသူ့ရဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကိုပဲ မေးဖြစ်နေ တာ များပါတယ်။ လောလောဆယ်မှာတော့ ရွှေထူးက ရဲတိုက်၊ ဒေါင်း၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေ ပါပြီ။ ဒီဇာတ်ကားက ရွှေထူးအတွက်ဆိုရင် 7 Sense ထုတ်လုပ်ရေးနဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားပါ။ ရုံတင်ပြသပြီးတဲ့ ‘ပက် ပက်စက်စက် ညှို့’ ရုပ်ရှင်ဇာတ်ကား အပါအဝင် ဆိုရင်တော့ တတိယမြောက်ဇာတ်ကားပေါ့။

”ကာရိုက်တာကလည်း တစ်ယောက်တစ်မျိုးစီ။ ပြီးတော့ ဇာတ်လမ်းဖရိန်ကလည်း တော်တော်လှတယ်ဗျ။ ကျွန်တော်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ သူကတော့ ယုံကြည်မှု အပြည့်နဲ့ ပြောပါတယ်။

ရွှေထူး တကယ်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာ တွေက….

”လူသတ်ကားတို့၊ သရဲကားတို့၊ ဖိုက်တင်ချတဲ့ ဇာတ်ကားမျိုး တွေကို ရိုက်ကူးချင်တယ်။ လူမိုက်ကားတွေပေါ့။ အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးချင် ပါတယ်” လို့ ရွှေထူးက ပြောပါတယ်။

ရွှေထူးဟာ ဟစ်ဟော့ပ် သီချင်းတွေ ခေတ်စားတဲ့အချိန် Underground မှာကတည်းက ပေါ့ပ် သီချင်းပုံစံတစ်မျိုးနဲ့ ပရိသတ်ကို သိမ်းပိုက်နိုင်ခဲ့ တယ်။ အခုလည်း ရုပ်ရှင်ဇာတ်ကားထဲမှာ ပုံစံတစ်မျိုး နဲ့ အကောင်းဆုံး သရုပ်ဆောင်နေပြန်ပါပြီ။ ဒီ တော့ နယ်ပယ်တစ်ခုမှာ ကိုယ့်ပုံစံနဲ့ကိုယ် ထိုး ဖောက်ရတဲ့အခါ ဘာတွေအခက်အခဲရှိလဲဆိုတဲ့ မေးခွန်းကိုတော့ ရွှေထူးက …

”အခက်အခဲကတော့ ရှိတယ်။ ကိုယ်မလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်လို့ရှိရင် သူသူကိုယ်ကိုယ် အခက်အခဲနဲ့ ကြုံတွေ့ရသလို ဘယ်သူမဆို စိုးရိမ်စိတ်တော့ရှိကြတာပဲ။ အဲဒီ အပေါ်မှာတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်အလုပ် ကိုယ်အကောင်းဆုံးလုပ်ဖို့ အရေးကြီးတယ်။ ကိုယ့် အလုပ်အပေါ် ကိုယ်အာရုံစိုက်ဖို့အရေးကြီးတယ်။ ကိုယ့် အလုပ်ကိုယ်တန်ဖိုးထားဖို့ အရေးကြီးတယ်။ အဲဒီအတွက် ကျွန်တော်က အဆင်ပြေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လုပ်တဲ့ အလုပ်ကို ဘာအလုပ်မဆိုဗျာ။ ဆိုက်ကားဆရာဆိုရင်လည်း ကျွန်တော်ကျတဲ့ နေရာကနေ ကျွန်တော့်အပိုင်းကို အကောင်းဆုံးသရုပ်ဆောင်မှာပဲ။ ဆိုက် ကားကို အကောင်းဆုံးနင်းပြမှာပါပဲ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here