အဆိုတော် အောင်ရင်ရဲ့ “ဒီရက်ပိုင်း”လို့ အမည်ပေးထားတဲ့ တေး စီးရီး Audio ခွေကို ဇွန်လ ၂၇ ရက် နေ့က ရန်ကုန်မြို့၊ Orchid Hotel မှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီတေးစီးရီးမှာ ပါဝင်တဲ့ သီ ချင်းတွေကိုတော့ ရွှေဂျော်ဂျော်၊ ဖိုး ကာ၊ ရယ်ဂျီ၊ ဝေလ၊ ညီမင်းခိုင်စတဲ့ တေးရေးဆရာတွေက ရေးပေးထား ကြပါတယ်။ အဆိုပါတေးစီးရီးနဲ့ ပတ်သက်ပြီး အဆိုတော်အောင်ရင်က အခုလိုပြောပြခဲ့ပါတယ်။
“အစကတော့ တေးစီးရီးလုပ်ဖို့ စိတ်ကူးမရှိပါဘူး။ အဆိုတော် ဖိုးကာက ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မပြန်တဲ့ရထား ဆိုတဲ့ သီချင်းတစ်ပုဒ်လာပေးတယ်။ အဲဒီသီချင်းလုပ်လိုက်တော့ အကုန် လုံးကလည်း ကြိုက်ကြတယ်။ နောက် ထပ်သီချင်းတွေလည်း လာပေးကြတယ်။ အားလုံးလည်း အားပေးကြတဲ့အတွက် လုပ်ဖြစ်ခဲ့တာပါ။ ဒီတေးစီး ရီးထဲမှာ သုံးပုဒ်လောက်ကတော့ ကျွန်တော်အရင်တုန်းက ဆိုနေကျ စတိုင်တွေပါပဲ။ ကျန်တဲ့ငါးပုဒ်လောက်ကတော့ ပုံစံလေးနည်းနည်း ပြောင်းထားပါတယ်။ ဒီတေးစီးရီးကို စလုပ်ကတည်းက ကျွန်တော်ရင်ခုန်ပါတယ်။ ပရိသတ်ရဲ့တုံ့ပြန်မှုက ဘယ်လိုလာမလဲ မသိဘူးလေ။ ပရိ သတ်က ကြိုက်တယ်၊ အားပေးတယ် ဆိုရင်တော့ သီချင်းတွေ ဆက်လုပ်ဖို့ အင်အားတစ်ခုဖြစ်မှာပါ”လို့ ပြောပြခဲ့ပါတယ်။ ဒီတေးစီးရီးကို ဇွန်လ ၂၇ ရက်နေ့ ကစတင်ပြီး ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်