သရဲ၊ တစ္ဆေဆိုတာကို မြင်မှယုံမယ် ကျော်ကျော်ဗိုလ်

0
275

“ဝိညာဉ်စိမ်း”ဆိုတဲံ့ Horror ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ထားတဲ့ ကျော်ကျော်ဗိုက လက်ရှိအသက်အရွယ်အထိ သရဲ၊ တစ္ဆေနဲ့ပတ်သက်ပြီး အပြင်မှာမတွေ့ဖူးလို့အယုံအကြည်မရှိ ကြောင်း ပြောပါတယ်။

“ကျွန်တော်က မြင်မှယုံတာဗျ။ အခုချိန်အထိ သရဲ၊ တစ္ဆေ ဆိုတာကို မမြင်ဖူးတော့မယုံဘူးပေါ့” လို့ သူကပြောပြ ထား တာပါ။ ဒါဆို သူတို့ “ဝိညာဉ်စိမ်း” ရုပ်ရှင် ဇာတ် ကားရိုက်ကူးခဲ့စဉ်၊ ဒါမှမဟုတ် တခြားဇာတ်ကား တွေရိုက်ကူးခဲ့စဉ် သင်္ချိုင်းမြေမှာ ရိုက်ကူးရတဲ့ အခန်းတွေဆို ဘယ်လိုမှ မခံစားမိဘူးလား လို့ ဆိုတော့…..

“ဘာမှမရှိပါဘူး။ ကျွန်တော် တို့လည်း သေရင်အဲဒီသွားရမှာပဲလေ။ ငါတို့လည်း ရောက်မယ့် နေရာ ပဲဆိုပြီးတော့ ကြိုကြည့်ထား လိုက်တာပေါ့။ ဒါပါပဲ” လို့ သူက ဆက်လက် ပြောပါတယ်။ “ဝိညာဉ် စိမ်း” ရုပ်ရှင် ဇာတ် ကားကို ဘယ်လို မြင်လဲဆိုတဲ့ အမေးကို ကျော်ကျော်ဗိုက…..

“ဗုဒ္ဓဘာသာမှာ ဆုံးပါးသွားလို့ ရှိရင် အယူတွေရှိတာပေါ့နော်။ ဝိညာဉ်ခေါ်တာတို့၊ ရက်လည် အောင်တစ်ပတ်ထားရတာတို့၊ အဲဒီမှာ လွဲသွားနိုင်တဲ့ဟာလေးတွေကို သတိပြုမိဖို့ Message ပေးတာပေါ့။ ဒါက ကျွန်တော်တို့ မေတ္တာဖွဲ့သရဲ ဇာတ်ကားပေါ့။ ကြောက်ဖို့အရမ်း လည်း ကောင်းသလို မိသားစု မေတ္တာဖွဲ့လေးပေးထားတဲ့ သရဲ ဇာတ်ကား ပါ။ နောက်ပြီးတော့ အယူအဆလေးတွေ လွဲသွားမှာလေးကို မီးမောင်းထိုးပြထားတဲ့ကား လေးပါ။ အဲဒီတော့ ပညာလည်းပေးရင်း၊ Entertain လည်းလုပ်ရင်း လွမ်းစရာရသလေးတွေပါတဲံ့Horror ကားလေးကို လာကြည့်ဖို့လည်း တိုက်တွန်း ချင် ပါတယ်” လို့ ပြောပါတယ်။ “ဝိညာဉ်စိမ်း” ရုပ်ရှင် ဇာတ်ကား က ပုံမှန်ရိုက်ကူးနေကျ သရဲဇာတ်ကား တွေလိုမဟုတ်ဘူး။ မြန်မာလူမျိုးတို့ရဲ့ မိသားစု မေတ္တာတရားကို ဖော်ကျူးထားတာ။ တော်တော် လေးလည်း ကောင်းတာဆိုတော့ ဘယ်သူ့ကို အကယ်ဒမီမှန်းသလဲလို့မေးတဲ့အခါ…..

“တော်တော်လေးကို ကြီးသွား ပြီ(ရယ်လျက်)။ ကျွန်တော်တို့ မူတွေ၊ ဘောင်တွေ၊ စည်းမျဉ်းတွေ၊ စည်း ကမ်းတွေရှိတာကိုး။ ရှိတယ်ဆို တော့လည်း အဲဒါတွေနဲ့ ညီတဲ့သူ ရမှာပေါ့ဗျာ။ အားလုံးကတော့ ဇာတ်ကားကောင်းဖို့အတွက်ပဲ အာရုံစိုက်ပြီး ကြိုးစား ထားကြတာကိုး။ ဟာမိုနီဖြစ်နေကြတာပေါ့” လို့ ကျော်ကျော်ဗိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here