ရုပ်ရှင် လောကမှာ ဒုတိယအကြိမ် ပြန်လည် အားယူလာတဲ့ မင်းမော်ကွန်း ဘာတွေထူးခြားလဲ

0
658

နှစ် ၂၀ကျော်လောက် အစဉ်တစိုက်အားပေးလာတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ မင်းမော်ကွန်းကဆိုပါတယ်။ သူ့ရဲ့ အနုပညာ သက်က မနည်းတော့ပါဘူး။ သူဟာ အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင် ဖူးခဲ့တယ်။ ပြီးတော့ အရင်ကနဲ့ အခု ပြောင်းလဲမှုသိပ်မရှိတဲ့ မင်းသား တစ်လက်ပေါ့။ အခု မင်းမော်ကွန်း သရုပ်ဆောင်ထားတဲ့ “ဝိညာဉ်စိမ်း”ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပါပြီ။ ပြီးတော့ “ဝိညာဉ် စိမ်း”က မင်းမော်ကွန်းအတွက် အမှတ်တရတွေလည်း ရှိခဲ့တယ်။

“ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကား က ဒါရိုက်တာ ကိုဝင်းထွန်းထွန်းနဲ့ ရိုက်ကူးထားတာပါ။ သူက ကျွန်တော်နဲ့ နဂိုကတည်းက လက်တွဲ ခဲ့ကြတဲ့ ဒါရိုက်တာပါ။ သူနဲ့ မတွေ့တာလည်း ကြာပြီ။ ကျွန်တော့် အနေနဲ့ ရုပ်ရှင်လောကမှာ ဒုတိယ အကြိမ် ပြန်ပြီး အားယူတဲ့အချိန်မှာ ဒီဇာတ်ကားနဲ့ အလုပ်ကို ပြန်ပြီးတော့ စတင်ခဲ့တာပါ။ အဲဒီ တော့ ကျွန်တော်တို့လည်း ကိုယ်စွမ်း၊ Óဏ်စွမ်းရှိသလောက် အများကြီး ကြိုးစားထားပါတယ်။ ကျန်တဲ့လူတွေ အကုန်လုံးကလည်း အားလုံးဝိုင်း ပြီးတော့ ကြိုးစားထားပါတယ်။ ပရိသတ်အကြိုက်နဲ့ ထပ်ထူကျပါ စေလို့ မျှော်လင့်ပါတယ်” လို့ မင်းမော်ကွန်းက ပြောပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ ဦးကျော်သူနဲ့ ဆုံတွေ့ခဲ့သေးတယ်နော်။ ဦးကျော်သူရဲ့ သရဲကြီး ပုံစံပြုလုပ်ထားတဲ့ မိတ်ကပ်ကလည်း တော်တော်လေးကြောက်ဖို့ကောင်း တယ်။ ဦးမောင်(ကျော်သူ)နဲ့ ဘယ်လိုအမှတ်တရတွေရှိခဲ့လဲလို့ဆိုတော့……

“အမှတ်တရကတော့ အများ ကြီးပဲ ခင်ဗျ။ ညဘက်ကြီး ဦးမောင်က သူ့ဘာသာသူ ညောင်ပင်ကြီး အောက်မှာ သွားသွားထိုင်နေတယ်။ အဲဒီမိတ်ကပ်တွေနဲ့(ရယ်လျက်)” လို့ မင်းမော်ကွန်းကဆက်လက်ပြောပါ တယ်။ ပြီးတော့ သူက…..

“ကျွန်တော့်ဇာတ်ကားတွေ ထွက်လာဖို့ရှိပါသေးတယ် လို့ပြော ပါတယ်။ မင်းမော်ကွန်းတို့ နှင်းဆီအဖွဲ့ရဲ့ Rose Rider ဇာတ်ကားကြီး ကကော ဒီနှစ်ထဲရုံတင်ဖို့ရှိသလားလို့ ဆိုတော့…..
“Rose Rider ကတော့ အခု Post ကိုလုပ်နေပါပြီ။ အကုန်လုံး ပြီးသွားပြီဆိုရင်တော့ ပြီးပြီးချင်းတင်ဖြစ်အောင်ကြိုးစားသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here