ရဟန်းသံဃာတော်တွေနဲ့ပတ်သက်ပြီး ရုပ်ရှင်တစ်ကားရိုက်ကူးဦးမယ့် ဒါရိုက်တာ ဗန်းကြီး

0
176

ဟိုတစ်ပတ်က မြွေမလေးမိညို က ခင်ဇာခြည်ကျော်ရဲ့ မိခင်ကို ဝင်ပူးလို့ အလှူအတန်းပြုလုပ်ခဲ့ကြတဲ့ ‘ဥပါ ဒါန်’အဖွဲ့သားတွေရဲ့ သတင်းက ဟော့ပ်ဖြစ်ခဲ့ပါတယ်။ ဒါရိုက်တာက တော့ ဗန်းကြီးပါ။ ‘ဥပါဒါန်’ကတော့ ဘယ်လောက်ကောင်းတဲ့ရုပ်ရှင်ဇာတ် ကားလဲဆိုတာ ပြောဖို့မလိုတော့ပါ ဘူး။ ခင်ဇာခြည်ကျော်အပါအဝင် ‘ဥပါဒါန်’ထဲက အနုပညာရှင်၊အတတ် ပညာရှင်တွေသာ အကယ်ဒမီရခဲ့မယ် ဆိုရင်လို့ ဒါရိုက်တာဗန်းကြီးကိုဆို တော့…

”အတိုင်းထက်အလွန်ဝမ်းသာ မှာပေါ့ဗျာ။ ဘာပဲပြောပြော အကုန် လုံးက ကြိုးစားခဲ့ကြတာဗျ။ နောက် ကားတွေလည်း ကျွန်တော်တို့ကို ဝိုင်းဝန်းပံ့ပိုးကြပါလို့ ပုဂ္ဂိုလ်တွေ အားလုံးကို တိုင်တည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူတွေမလုပ်နိုင်တာကို သူတို့လုပ် နိုင်တယ်လေ”လို့ သူက ပြောပါတယ်။ ဒါရိုက်တာဗန်းကြီးက နောက်ရုပ် ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ လည်း စီစဉ်နေပါတယ်။ ဘာသာသာ သနာနဲ့ပတ်သက်လို့ ရိုက်ကူးတဲ့အခါ ချွတ်ချော်မှုရှိခဲ့ရင် ဒါကထိရှလွယ် တယ်နော်လို့ဆိုတော့ ဆရာတော် ကြီးတွေဆီမှာ သေသေချာချာ သြဝါ ဒခံယူထားပါတယ်လို့ ဒါရိုက်တာဗန်း ကြီးက ပြောပါတယ်။

”ကျွန်တော်က ဘုန်ကြီးတွေမှာ လွဲနေတာလေးတွေရှိပါတယ်။ သူတို့ထိန်းသိမ်းရတဲ့ ဝိနည်း တွေက တအားများတယ်ဗျ။ အဲဒီတော့ မထင်မှတ်တာလေးတွေကနေ အာ ပတ်တွေသင့်ကြတာပေါ့လေ။ အဲဒီ လို အာပတ်မသင့်အောင် မြတ်စွာ ဘုရားက ဘာကြောင့်တားခဲ့တာလဲ ဆိုတာကို ကျွန်တော်ကပြမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here