ချစ်သူရဲ့ လုပ်ငန်းတွေ ကို နောက်ကွယ်ကနေ ကူညီပေးနေတဲ့ အကယ်ဒမီ သရုပ်ဆောင် သရုပ်ဆောင်

0
153

အကယ်ဒမီသရုပ်ဆောင် ပိုင်ဖြိုးသုက ချစ်သူဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ မကြာသေးမီကပဲ စေ့စပ်ပွဲ ပြုလုပ်ခဲ့ ပါတယ်။ အသက် ၂၈ နှစ်အရွယ်မှာ ဒီလိုစေ့စပ်ပွဲပြုလုပ်တာဟာ သူ့အသက်အရွယ်နဲ့ယှဉ်ရင် မစောတော့ကြောင်းကို သရုပ်ဆောင်ပိုင်ဖြိုးသုက …

”အဲဒါကတော့ သုရဲ့ ပရိသတ်တွေ၊ သုနဲ့အနေနီးတဲ့ ပရိသတ်တွေက သုကို အဲဒီလိုမျိုး ဒီအရွယ်မှာ စေ့စပ်ပွဲလုပ် တာကို ဘာမှမပြောကြဘူး။ အိမ်ထောင်ပဲပြုပြု၊ ဘာပဲလုပ်လုပ် သုကို အကောင်းမြင်ပေးကြတယ်။ အစောကြီးကတည်း ကလည်း သုနဲ့ ကိုဏကြီးနဲ့ ချစ်နေကြတာ သုရဲ့ ပရိသတ်အားလုံးက သိကြတယ်။ အိမ်ထောင်ပြုသွားလည်း ချစ်ပေးမယ်။ နောက်ဆုံး သု အဘွားကြီးဖြစ်တဲ့အထိ သု ပရိသတ်တွေက ချစ်သွားကြမယ်လို့ပြောကြတဲ့အတွက် အားတွေ ပိုရှိလာတယ်။ ရှေ့ဆက်သွားမယ့် အနုပညာအလုပ်တွေအတွက် သူတို့ပေးကြတဲ့ အားတွေနဲ့ ရှေ့ဆက်ရမယ့် အလုပ်တွေမှာ အားရှိလာတယ်။ ပြီးတော့ သုဘဝအတွက် သု စူညေ လေးတွေချထားတာရှိတယ်။ အခုသုက အသက်လည်း မငယ်တော့ပါဘူး။ အသက် ၂၈ နှစ်ရှိပါပြီ။ အသက် ၂၉ နှစ်ထဲဝင်တော့မှာဆိုတော့ ဒီအချိန် ဒီအရွယ်မှာ ဒီလိုစေ့စပ်ပွဲမျိုးလုပ်တာ စောတယ်လို့ မထင်ပါဘူး။ ပြီးတော့ သု ကံကောင်းတာက သုရဲ့ ပရိသတ်တွေကလည်း ဒီလိုမျိုး သုဘက်ကနေ ရပ်တည်ပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါ တယ်”လို့ ပြောခဲ့ပါတယ်။

ချစ်သူက ကိုယ့်ထက်အသက်ကြီးတဲ့အတွက် သူ့ကို ဘယ်လိုသဘောကျခဲ့တာလဲလို့ မေးကြည့်တဲ့အခါ မှာတော့ ပိုင်ဖြိုးသုက …

”သု သဘောကျတာ သူ့စိတ်ထားလေးကို သဘောကျတယ်။ ပြီးတော့ သု့အပေါ်မှာ သူထားတဲ့မေတ္တာ လေးတွေကို သဘောကျတယ်။ သု အထင်ကြီးလေးစားလို့ရတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အရည်အချင်းတွေလည်း သူ့မှာ ရှိတယ်။ အဲဒါကြောင့် သူ့ကိုပိုပြီး သဘောကျမိပါတယ် (ရယ်လျက်)” လို့ ပြောပါတယ်။

နှစ်ယောက်စလုံးကလည်း အနုပညာရှင်တွေဖြစ်တဲ့အတွက် အပြန်အလှန်ကူညီပေးကြတာမျိုးရော ရှိသလားလို့ မေးကြည့်တဲ့အခါမှာတော့ ပိုင်ဖြိုးသုက …

”ကိုဏကြီးက ညီမကို ကူညီပေးတဲ့အပိုင်းတွေက အများကြီးပါ။ သရုပ်ဆောင်လေ့ကျင့်ပေးတာတို့၊ ဇာတ်ညွှန်းအတူတူ ဖတ်ပေးတာတို့က ကိုဏကြီးအမြဲတမ်းကူညီပေးတယ်။ သုလည်း သူကိုယ်တိုင်လုပ်တဲ့လုပ်ငန်းတွေမှာ သူ့ကို အမြဲကူညီပံ့ပိုးပေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here