ခေါင်းဆောင်မင်းသားအခေါ်အဝေါ်ကို လက်ခံလို့မရသေးတဲ့ အိစိကွေး

0
685

လက်ရှိမှာ အိစိကွေးက ‘ရွှေချွေးမ’ ဆိုတဲ့ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးလျက်ရှိပြီး ဒီဇာတ်ကားဟာ သူ့အတွက် ပထမဦးဆုံး ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ တာထွက်ဇာတ်ကား တစ်ကားအဖြစ်မှတ်ယူ မယ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အိစိကွေးကတော့ ခေါင်းဆောင် မင်းသားဆိုတဲ့ အခေါ်အဝေါ်ဟာ သူ့အနေအထားနဲ့သိပ်မအပ်စပ်သေး သလို ကသိကအောက်ဖြစ်စေတဲ့ အခေါ်အဝေါ်လိုမျိုး ဖြစ်နေသေးတယ် လို့ မှတ်ယူထားပါတယ်။

”အဓိက ဇာတ်ဆောင်တစ်ဦးအနေနဲ့ပဲ သတ်မှတ်လို့ရသေးတယ်။ ခေါင်းဆောင်မင်းသားဆိုတာကြီးကို ဘယ်လိုမှ သတ်မှတ်လို့ မရနိုင်သေး ဘူး။ ရင်ထဲမှာ တစ်မျိုးကြီးပဲ။ အခုအချိန်အထိ အဲဒီအခေါ်အဝေါ်ကြီး ကို ရင်ထဲမှာ လက်ခံလို့မရသေးဘူး ဖြစ်နေတယ်။ အမှန်တော့ အသားမကျသေးတာဖြစ်မယ်။ ခေါင်းဆောင်မင်းသား ဆိုတဲ့စကားလုံးက သိပ်ပြီးတာဝန်ကြီးလွန်းတဲ့ အရာပဲ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အဓိက ဇာတ်ဆောင်အနေနဲ့ပဲ သတ်မှတ်ပြီးလုပ်လိုက်တယ်” လို့ အိစိကွေးက မှတ်ချက်ပြုဆိုပါတယ်။ ဒါပေမဲ့ အရင်တုန်းကနဲ့တော့ ကွာခြားလာပြီး အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခွင့်ရလာတဲ့အခါ ဇာတ်တစ်ခုရဲ့အပေါ်မှာ အင်မတန် တာဝန်ကြီးလာတာကို ခံစားမိလာတယ်လို့လည်း ဆိုပါတယ်။

”အရင်တုန်းက ကလေး သရုပ်ဆောင်ဆိုတော့ ဘာပဲပြောပြော ပေါ့ပေါ့ပါးပါးနဲ့ နည်းနည်း အဆင်ပြေသေးတယ်။ အခုကျတော့ လူကြီးတစ်ယောက်လို လုပ်ဆောင် လာရတာဖြစ်တဲ့အတွက် အိုက်တင် လုပ်ရတာကအစ အများကြီးပြောင်း လဲသွားတယ်။ အတော်လေးကိုတော့ ဂရုစိုက်လာရပါတယ်” လို့ သူက ဆိုပါတယ်။ ခန္ဓာကိုယ်အနည်းငယ်ဝလာပြီး ဗလအနည်းငယ် ထွက်လာတာကတော့ GYM ဆော့နေလို့ပါလို့ ရယ်လျက်ပြောပြတဲ့ အိစိကွေးက …

“GYM ကိုတော့ အချိန်ပေးပြီးတော့ ပြန်ကစားဖြစ်နေပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ကိုယ့်အလုပ်နဲ့လည်း သင့်လျော်တယ်လေ။ လောလောဆယ်တော့ Six Pack မဟုတ်သေးပါဘူး Four Pack ပါ။(ရယ်လျက်)အဓိကကတော့ GYM ကို အရပ်ရှည်ဖို့ဆော့တယ်။ ဘော်ဒီလှချင်လို့လည်း ပါတာပေါ့လေ။ ဗလအကြီးကြီးဖြစ် ချင်လို့တော့ မဟုတ်ပါဘူး” လို့ အိစိကွေးက အရွှန်းဖောက်ဆိုပါတယ်။ အိစိကွေးကတော့ ဘယ်လို ဇာတ်ရုပ်ဇာတ် ကောင်စရိုက်မျိုးဖြစ်ဖြစ် လာရောက်ငှားရမ်းတဲ့အခါ ရိုက်ကူးဖြစ်နေတယ်လို့ဆိုပြီး ရိုက်ကူးချင်တဲ့ ဇာတ်ကောင်စရိုက် ကလည်း အစုံအလင်ဖြစ်တာမို့ ဇာတ်ရုပ်ရွေးချယ်တာမျိုး လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here